တာချီလိတ်မြို့တွင်း နေသူများက လွဲ၍ မြို့နယ်အတွင်းနေသူများကို မြို့အဝင်အထွက် အထောက်အထား လက်မှတ်များ ထုတ်ပေးသွားမည်

တာချီလိတ်မြို့တွင်း နေသူများက လွဲ၍ မြို့နယ်အတွင်းနေသူများကို မြို့အဝင်အထွက် အထောက်အထား လက်မှတ်များ ထုတ်ပေးသွားမည်
နိုဝင်ဘာ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း နေသူများက လွဲ၍ မြို့နယ်အတွင်းနေသူများကို မြို့အဝင်အထွက် အထောက်အထား လက်မှတ်များ ထုတ်ပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ဝင်လာသူများကို မည်သည့်ဒေသမှလာကြောင်း အထောက် အထား စစ်ဆေးနေရာ တာချီလိတ်မြို့တွင်း နေထိုင်သူများမှ လွဲ၍ မြို့ပြင် ဖန်မင်ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုများအပါအဝင် မြို့နယ်အတွင်းနေထိုင်သူများ အခက်အခဲ မဖြစ်စေရန် အိမ်ထောင်စုအလိုက် အထောက်အထားလက်မှတ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှစ၍ ထုတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
“အခု ဆိုင်ကယ်နဲ့ခိုးဝင်တဲ့အဖွဲ့တွေရှိတော့ တာချီလိတ်ကို ဝင်မယ်ဆိုရင် မယ်ယန်းဂိတ်ကနေမှ စစ်နေတာမှာ ဆိုင်ကယ်နဲ့ဝင်တဲ့သူတွေကိုပါ စစ်တော့မယ်။ အဲဒီလိုစစ်တော့ မယ်ယန်းဂိတ်အပြင်ဘက်နေတဲ့ တာချီလိတ်မြို့နယ်အတွင်းနေတဲ့သူတွေကို အိမ်ထောင်စု တစ်ခုချင်းစီအလိုက် လူဦးရေပေါ်မူတည်ပြီး ထောက်ခံချက်တွေ ထုတ်ပေးထားမယ်။ သူတို့ လာယူဖို့မလိုပါဘူး။ ကျွန်တော်တို့က အိမ်ထောင်စုအလိုက် လိုက်ပေးထားမှာဖြစ်ပါတယ်။ မနက်ခင်းဝင်တဲ့ ဈေးကားတွေပါ စစ်မှာပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြားဒေသမှ လာရောက်သူများအား သိရှိနိုင်ရန် ယင်းကဲ့သို့စစ်ဆေးနေခြင်းဖြစ်သော်လည်း မြို့အနီးဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် ထောက်ခံစာ အကြိမ်ကြိမ်ယူရန် အဆင်မပြေသဖြင့် ယင်းကဲ့သို့ စီစဉ်ခြင်းဖြစ်ပြီး ရပ်ကျေးထောက်ခံစာ ထုတ်ပေးခြင်းကိုလည်း စိစစ်ကြပ်မတ်မှုလုပ်ဆောင်နေသည်ဟု သိရသည်။
“အရင်က ရပ်ကျေးထောက်ခံစာတွေကို ပြည်သူတွေ အခက်အခဲမဖြစ်အောင် မြန်မြန်ဆန်ဆန်လုပ်ရမယ်လို့ ရပ်ကျေးတွေကို ညွှန်ကြားထားတော့ လူမပါဘဲလုပ်တာတွေလည်း ထုတ်ပေးလိုက်မိတာတွေရှိတယ်။ ဒါကြောင့် ရပ်ကျေးထောက်ခံစာ တောင်းရင် လူကိုယ်တိုင်ပါမှ ထုတ်ပေးသလို ဓာတ်ပုံပါ တစ်ခါတည်းကပ်ပေးလိုက်တယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
တာချီလိတ်မြို့တွင်း ဝင်ရောက်လာသူအားလုံးကို မယ်ယန်းဂိတ်၌ မည်သည့်ဒေသမှလာကြောင်း ရပ်/ကျေးထောက်ခံစာ စစ်ဆေးပြီး COVID 19 ဖြစ်ပွားမှုများ၍ stay at home သတ်မှတ်ထားသည့်ဒေသများမှ လာသူများကို facility quarantine ပို့ဆောင်ခြင်း၊ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID 19 Negative ဖြစ်ကြောင်း ထောက်ခံချက်မပါသူများအား တစ်နေ့ (၂)ကြိမ် စစ်ဆေးပေးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ကုန်တင်ယာဉ်များအား စစ်ဆေးခြင်းကို မယ်ယန်းဂိတ်အပြင် ဟွေရဲနှင့် လွယ်တော်ခမ်းဂိတ်တို့၌လည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~