တာချီလိတ်မြို့နယ်အတွင်းမှ ရပ်ဝေးမဲရုံများ နံနက်(၉)နာရီအထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လာရောက်အပ်နှံနေဆဲဖြစ်၍ ရလဒ်ပေါင်းချုပ်ကို နေ့လည်လောက်မှသာ သိရနိုင်ဖွယ်ရှိ

တာချီလိတ်မြို့နယ်အတွင်းမှ ရပ်ဝေးမဲရုံများ နံနက်(၉)နာရီအထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လာရောက်အပ်နှံနေဆဲဖြစ်၍ ရလဒ်ပေါင်းချုပ်ကို နေ့လည်လောက်မှသာ သိရနိုင်ဖွယ်ရှိ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းမှ ရပ်ဝေးမဲရုံများ နံနက်(၉)နာရီအထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လာရောက်အပ်နှံနေဆဲဖြစ်၍ ရလဒ်ပေါင်းချုပ်ကို နေ့လည်လောက်မှသာ သိရနိုင်ဖွယ်ရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း  မဲရုံပေါင်း (၇၀) မှ ဆန္ဒမဲရလဒ်များကို ရေတွက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာလ(၉)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်အထိ မဲရုံပေါင်း (၆၄)ရုံ၏ မဲရလဒ်များသာ လာရောက်အပ်နှံထားဆဲဖြစ်ပြီး အပ်နှံရမဲရုံများ၏ ရလဒ်များ ကျန်ရှိနေသည့်အတွက် စုပေါင်း မဲရလဒ်များကို ထုတ်ပြန်ရန် စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။ 
“တစ်ချို့နေရာတွေကတော့ တောင်ပေါ်လမ်းတွေဖြစ်တော့ ညတွင်းချင်းလာကြဖို့ အခက်အခဲရှိကြတာကြောင့် မနက်မှ လာအပ်ဖို့မှာရတယ်။ ဒီနေ့လယ်ပိုင်းလောက်တော့ အားလုံးရောက်လာကြတော့မှာပါ”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဲရလဒ်နှင့် ဆန္ဒမဲများကို လုံခြုံရေးအစောင့်အရှောက်များနှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပို့ဆောင်နေကြဆဲဖြစ်ပြီး ကော်မရှင်ရုံးတွင် မဲရလဒ်များထုတ်ပြန်နိုင်ရန် စိစစ်၍ စာရင်းရေးသွင်းခြင်းကို နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းအထိ ဆောင်ရွက်နေကြဆဲဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~