ထိုင်းနိုင်ငံမှ ပြည်ဝင်ခွင့် ပိတ်လိုက်သဖြင့် တရုတ်နိုင်ငံသား (၅၀၀) ကျော် တာချီလိတ်တွင် ပိတ်မိနေ

ထိုင်းနိုင်ငံမှ ပြည်ဝင်ခွင့် ပိတ်လိုက်သဖြင့် တရုတ်နိုင်ငံသား (၅၀၀) ကျော် တာချီလိတ်တွင် ပိတ်မိနေ
မတ် 16, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ပြည်ဝင်ခွင့် ပိတ်လိုက်သဖြင့် တရုတ်နိုင်ငံသား (၅၀၀) ကျော် တာချီလိတ်တွင် ပိတ်မိနေ

မြန်မာ- ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ EP (Entry Permit)ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော် တာချီလိတ်ဘက်မှ ထိုင်းဘက်သို့ ပြန်ထွက်၍ မရဘဲဖြစ်နေကြောင်း သိရသည်။

"EP နဲ့ဝင်လာတဲ့သူတွေ။ ထိုင်းဘက်က ပိတ်လိုက်တော့ ဒီမှာပဲနေပေါ့။ ကျွန်တော်တို့ဘက်က အဝင်၊ အထွက် မပိတ်ထားဘူး။ ရက်ကျော်ရင် ဒဏ်ကြေးဆောင်ပြီးနေပေါ့။ အားလုံး (၅၃၇) ယောက်ရှိတယ်"ဟု မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား၏ တာချီလိတ်ဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ဘက်သို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့် လည်းကောင်း၊ တတိယနိုင်ငံသားများကို ဗီဇာ၊ ပြည်ဝင်ခွင့်လက်မှတ်(Entry Permit)ဖြင့်လည်းကောင်း ဝင်ရောက် လည်ပတ်ခွင့်ပြုထားခြင်းဖြစ်ရာ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တာချီလိတ်ဘက်သို့ Entry Permit ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသားများမှာ ထိုင်းနိုင်ငံဘက် ပြန်ဝင်၍မရသဖြင့် တာချီလိတ်တွင် ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ဟိုတယ်အချို့က တရုတ်နိုင်ငံသားများ တည်းခိုခြင်းကို ဧပြီလကုန်အထိ ကန့်သတ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~