မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂၄)ဦး အသစ်တိုး၍ စုစုပေါင်း (၁,၆၆၉)ဦးအထိ ရှိနေ

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂၄)ဦး အသစ်တိုး၍ စုစုပေါင်း (၁,၆၆၉)ဦးအထိ ရှိနေ
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂၄)ဦး အသစ်တိုး၍ စုစုပေါင်း (၁,၆၆၉)ဦးအထိ ရှိနေ
မကွေးတိုင်းဒေသကြီးအတွင်း  ဒီဇင်ဘာလ(၉)ရက်နေ့၏ စစ်ဆေးချက်အရ မြို့နယ်ပေါင်း (၇)မြို့နယ်တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၂၄)ဦး ထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၁,၆၆၉)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။ 
“ဒီနေ့ ဒီဇင်ဘာ (၉)ရက် မှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၂၄)ဦး ထပ်တိုး တွေ့ရှိရပြီး  ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိလို့ ကူးစက်ခံရသူက (၁၀)ဦး၊ အနံ့ပျောက် လက္ခဏာရှိ သူက (၂)ဦး ပါရှိပြီး ကျန်တာက ယာဉ်မောင်းနဲ့ ရန်ကုန်၊ မန္တလေးပြန် Quarantine ဝင်နေသူတွေပါ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ခုနှစ် ဒီဇင်ဘာ(၉)ရက် ည (၈)နာရီအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၁,၆၆၉)ဦးအထိ ရှိလာကာ သေဆုံးသူမှာလည်း ( ၄)ဦးအထိ ရှိကြောင်း သိရသည်။
“ဒီပုံအတိုင်းဆိုရင် မကွေးတိုင်းဟာ တစ်နေ့တာ ပိုးတွေ့များခဲ့တဲ့ အောက်တိုဘာလလယ်က အခြေအနေလို ပြန်ဖြစ်သွားနိုင်တယ်။ ဒီတစ်ကြိမ်ပိုဆိုးမှာက RDT result နဲ့ ဒေသတွင်းထိတွေ့ Contact ဒေသ တွင်းကူးစက်မှုတွေ အနံ့ပျောက်လက္ခဏာ PUI တွေ ပိုတိုးလာနိုင်တယ်”ဟု မကွေးတိုင်းပြည်သူ့ ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသောင်းလှိုင် က သုံးသပ်ပြီး ပြည်သူများ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
တောင်တွင်းကြီးမြို့ပေါ် (၁၀)ရပ်ကွက်နှင့် မင်းဘူး/စကုမြို့နယ်၊ စကုမြို့ အမှတ် (၃)ရပ်ကွက်နှင့်ကျောင်းရွာရပ်ရှိ လမ်းအချို့တို့ကို အသွားအလာကန့်သတ်သည့်နေရာများ အဖြစ် သတ်မှတ်ထားခဲ့ရာ ဒီဇင်ဘာ(၈)ရက် ည(၁၂)နာရီအချိန်မှစတင်၍ မင်းဘူး/စကုမြို့နယ် ကန်ရေ(၁)၊ ကန်ရေ(၂)၊ ကန်ရေ (၃) ကျေးရွာများကိုလည်း အသွားအလာကန့်သတ်သည့်နေရာများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
 ဓါတ်ပုံ - KS Rescue Magway

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~