အောင်ပန်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၁၀)ဦး ထပ်တိုးရာ ကလေးငယ် (၁)ဦး ပါဝင်

Photo: - အောင်ပန်း နာရေးကူညီမှုအသင်း
Photo: - အောင်ပန်း နာရေးကူညီမှုအသင်း
အောင်ပန်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၁၀)ဦး ထပ်တိုးရာ ကလေးငယ် (၁)ဦး ပါဝင်
ဇူလိုင် 3, 2021 | Covid-19| ရှမ်းတောင်

 ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်အတွင်း ယနေ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၁၀) ဦး ထပ်တိုးသည့်အနက် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ယမန်နေ့က အတည်ပြုလူနာများနှင့် ထိတွေ့သူ (၂၈) ဦးအား ကလောပြည်သူ့ဆေးရုံတွင် စစ်ဆေးရာမှ အတည်ပြုလူနာ (၉) ဦးကိုတွေ့ရပြီး နောက်ထပ် ထပ်တိုးတွေ့ရသည့် (၁)ဦး အပါအဝင် (၁၀)ဦးထပ်တိုး တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

အောင်ပန်းမြို့ အမှတ် (၄) ရပ်ကွက်၊ ညောင်ပင်ထောင်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ပြည်ကျော်ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့မှ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၄)ဦးနှင့် ကလေး (၁) ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အောင်ပန်းမြို့တွင် ဇူလိုင်လ (၂) ရက်နေ့ကလည်း အတည်ပြုလူနာ (၆) ဦးထပ်တိုးခြင်းဖြစ်သည်။

အောင်ပန်းတွင် အတည်ပြုလူနာများနှင့် ထိတွေ့သူများ ဆေးရုံတွင် စစ်ဆေးမှုခံယူနိုင်ရန် ပို့ဆောင်ခြင်း၊ အတည်ပြုလူနာများအား ပို့ဆောင်ပေးခြင်းနှင့် အတည်ပြုလူနာတွေ့သည့်နေရာများအား ဆေးဖြန်းခြင်းများကို နာရေးကူညီမှုအသင်း အောင်ပန်းက ‌အောင်ပြည့်စုံသွေးအသင်းနှင့်အတူ ပူးပေါင်းကူညီပေးနေသည်ဟု သိရသည်။