အမေရိကန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

အမေရိကန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 12, 2020
By Tachileik News Agency

အမေရိကန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲစမ်းသပ်သူများထဲက အမေရိကန်နိုင်ငံက ပြန်လာသည့် အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့ ညပိုင်း၌ ဓာတ်ခွဲတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၃၁) ဦးရှိလာပြီဖြစ်သည်။

အဆိုပါ အတည်ပြုလူနာဖြစ်သွားသည့် အမျိုးသားမှာ အမေရိကန်ပြည်ထောင်စုမှ ပြန်လာ၍ ရန်ကုန်မြို့တွင် အသွားအလာကန့်သတ်ထားသူဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် အထောက်အကူပြုအဖွဲ့ဝင် စုစုပေါင်း (၄၆၂)ဦး၏ ဓာတ်ခွဲနမူနာများ အပါအဝင် ယနေ့ ဓာတ်ခွဲစစ်ဆေးသည့် (၁၀၉၉)ခုတွင် ပိုးတွေ့ရသူ (၁)ဦးတွေ့ရပြီး ကျန်ဓာတ်ခွဲနမူနာများတွင် ပိုးမတွေ့ရကြောင်း သိရသည်။

ယနေ့အထိ အတည်ပြုလူနာများအနက် ကုသမှုခံယူပြီး ပြန်လည်ကျန်းမာသွားသူ စုစုပေါင်း (၂၄၈)ဦး ရှိခဲ့ပြီး (၆)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~