မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည့် ကျောင်းဆရာမတစ်ဦးတွင် Covid-19 တွေ့

မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည့် ကျောင်းဆရာမတစ်ဦးတွင် Covid-19 တွေ့
နိုဝင်ဘာ 10, 2020
By Tachileik News Agency
ရွေးကောက်ပွဲတွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည့် ကျောင်းဆရာမတစ်ဦးတွင် Covid-19 တွေ့
မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် ထပ်တိုးတွေ့ရှိရသည့် COVID-19 ပိုးတွေ့ သူမှာ နိုဝင်ဘာ(၈)ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌  မကွေးမြို့နယ် ယင်းမာတောကျေးရွာ မဲရုံတွင် မဲရုံအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းဆရာမတစ်ဦးဖြစ်နေ၍ လတ်တလောတွင် အဆိုပါ ကျေးရွာအား အသွားအလာကန့်သတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။
“မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တဲ့ ကျောင်းဆရာမလို့ သိရပါတယ်။ ကျွန်တော်လည်း အခုလေးမှ သိရလို့ ရွာကိုတော့ လတ်တလော အသွားအလာကန့်သတ်ရမှာပေါ့။ မဲရုံတာဝန်ယူခဲ့သူတွေကိုလည်း SWAB ရယူစစ်ဆေးရမယ်။ တစ်ရွာလုံးကို Stay at H ome ထားဖို့ကတော့ ပြည်ထောင်စုဆီဆက်လက်တင် ပြသွားရပါမယ်”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ မဲရုံအဖွဲ့ဝင် တာဝန်ယူခဲသည့် ဆရာမမှာ မကွေးမြို့ ပြည်တော်သာတိုက်တန်း(အဟောင်း)တွင် နေထိုင်သူဖြစ်ပြီး မကွေးတိုင်းဆေးရုံကြီး၌ တက်ရောက်ခဲ့ရာက နိုဝင်ဘာ(၁၀)ရက်နေ့ ညနေပိုင်းတွင် ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်းမှ ယင်းမာတောကျေးရွာမဲရုံတွင် မဲဆန္ဒရှင် (၉၀၀)ကျော်ရှိမည်ဟု ခန့်မှန်းသိရှိရပြီး လတ်တလော မဲပေးခဲ့သည့် ရွာသူရွာသားများကိုမူ အသွားအလာကန့်သတ်မှုပြုလုပ်၍ အဖျားရော ဂါရှိ၊ မရှိ စောင့်ကြည့်ကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
မကွေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာတွေ့ရှိမှုအနေဖြင့် နိုဝင်ဘာ(၁၀)ရက်နေ့ ညနေပိုင်းတွင် မကွေးမြို့နယ်မှ (၁)ဦး၊ သရက်မြို့နယ်မှ ၁ဦး၊ စလင်းမြို့နယ်မှ ၂ဦး စုစုပေါင်း(၄)ဦး ထပ်တိုးတွေ့ရှိခဲ့ ရာ တိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း (၈၅၁)ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ- Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~