မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် COVID-19 ကူးစက်ခံရမှု အများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ပြီး သေဆုံးမှု အများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်နေ

မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် COVID-19 ကူးစက်ခံရမှု အများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ပြီး သေဆုံးမှု အများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်နေ
မတ် 30, 2020
By Tachileik News Agency

မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် COVID-19 ကူးစက်ခံရမှု အများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ပြီး သေဆုံးမှု အများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်နေ

မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် မတ်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းအထိ COVID-19 ကူးစက်ခံရမှု အများဆုံးမှာ မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံဖြစ်နေပြီး သေဆုံးသူ အများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ကြောင်း နှင့် အနည်းဆုံးကူးစက်ခံရသည့် နိုင်ငံမှာ လာအိုနိုင်ငံဖြစ်ကြောင်း သိရသည်။

 အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ ၂၀၂၀ခုနှစ် မတ်လ(၃၀)ရက်နေ့ နေ့လည် (၁၂)နာရီ မိနစ်(၄၀)အထိတွင် (၇,၈၈၆)ဦးရှိပြီး သေဆုံးသူမှာ (၂၃၁)ဦးရှိကြောင်း သိရသည်။

(၁၀)နိုင်ငံတွင် မလေးရှားနိုင်ငံက ကူးစက်ခံရသူ (၂,၄၇၀)ဦးရှိရာ သေဆုံးသူမှာ (၃၅)ဦးအထိ ရှိပြီး မြန်မာနိုင်ငံနိုင်ငံ နှင့်နီးစပ်သည့် ထိုင်းနိုင်ငံတွင် ကူးစက်ခံရသူ (၁,၃၈၈)ဦးရှိပြီး သေဆုံးသူမှာ (၇)ဦးရှိနေပြီး မြန်မာနိုင်ငံတွင် မတ်လ(၂၉)ရက်နေ့အထိ အတည်ပြုလူနာ (၁၀)ဦးရှိနေသည်။

နိုင်ငံအနှံ့အနေဖြင့်  ၂၀၂၀ခုနှစ် မတ်လ(၃၀)ရက်နေ့ နေ့လည်(၁)နာရီ အချိန်အထိ အကူးစက်ခံရသူ (၇၂၃,၇၀၀)ဦး နှင့် သေဆုံးသူ (၃၄,၀၁၈)ဦးရှိနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~