သီပေါမြို့တွင် လက်နက်သတင်းအ ရဝင်စစ်သည့်အိမ်မှ မူးယစ်ဆေးများ ဖမ်းမိပြီး ဆက်စပ်သူကိုပါ ဖေါ်ထုတ်ဖမ်းဆီးမိသီပေါမြို့တွင် လက်နက်သတင်းအ ရဝင်စစ်သည့်အိမ်မှ မူးယစ်ဆေးများ ဖမ်းမိပြီး ဆက်စပ်သူကိုပါ ဖေါ်ထုတ်ဖမ်းဆီးမိ

သီပေါမြို့တွင် လက်နက်သတင်းအ ရဝင်စစ်သည့်အိမ်မှ မူးယစ်ဆေးများ ဖမ်းမိပြီး ဆက်စပ်သူကိုပါ ဖေါ်ထုတ်ဖမ်းဆီးမိသီပေါမြို့တွင် လက်နက်သတင်းအ ရဝင်စစ်သည့်အိမ်မှ မူးယစ်ဆေးများ ဖမ်းမိပြီး ဆက်စပ်သူကိုပါ ဖေါ်ထုတ်ဖမ်းဆီးမိ
မေ 13, 2019
By Tachileik News Agency




သတင်း -  နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် ၂၀၁၉ ခုနှစ် မေလ (၁၂) ရက်နေ့ညနေပိုင်းက အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ကို ဘိန်းဖြူ (၈.၄၂၄)ဂရမ်၊ စိတ်ကြွဆေးပြား (၃,၄၂၀)ပြားတို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် တရားမဝင်လက်နက်ကိုင်ဆောင် သွားလာသူအားမြင်တွေ့နေရကြောင်း သတင်းအရ ကျောက်မဲအခြေစိုက် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့က သက်သေများပါဝင်သည့်အဖွဲ့ဖြင့် နိုင်ဝင်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ (၈.၂၈၈)ဂရမ်၊ စိတ်ကြွဆေးပြား (၁,၇၁၀)ပြားကို ဖမ်းဆီးရမိပြီး ဆက်စပ်ဖော်ထုတ်ချက်အရ အဆိုပါကျေးရွာရှိ နန်းဆိုင်အောင်၏နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁,၇၁၀)ပြားနှင့် ဘိန်းဖြူ (ဝ.၁၃၆) ဂရမ် တို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် နိုင်ဝင်းအား မယ(ပ) ၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း၊ နန်းဆိုင်အောင်ကို မယ(ပ ) ၂၃၊ မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့်လည်းကောင်း သီပေါမြို့မရဲစခန်းတွင် အသီးသီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net