ကျောက်မဲတွင် လမ်းဧရိယာကို ကျူးကျော်ခင်းကျင်းသည့် ဆိုင်ခန်းများကို သတိပေးပြီး ဖယ်ရှားရှင်းလင်းမည်

ကျောက်မဲတွင် လမ်းဧရိယာကို ကျူးကျော်ခင်းကျင်းသည့် ဆိုင်ခန်းများကို သတိပေးပြီး ဖယ်ရှားရှင်းလင်းမည်
အောက်တိုဘာ 17, 2019
By 🌸
ကျောက်မဲတွင် လမ်းဧရိယာကို ကျူးကျော်ခင်းကျင်းသည့် ဆိုင်ခန်းများကို သတိပေးပြီး ဖယ်ရှားရှင်းလင်းမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လမ်းဧရိယာအထိ ပစ္စည်းများ ခင်းကျင်းနေသည့် ဆိုင်ကယ် အရောင်းဆိုင်များကြောင့် အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့်အတွက် လမ်းဧရိယာတွင် ကျူးကျော် ခင်းကျင်းခြင်းမပြုရန် သတိပေးထားပြီး မလိုက်နာပါက အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

"'ဒီရက်ပိုင်းမှာက အခါကြီးရက်ကြီးလည်းဖြစ်နေတော့ သူတို့ရောင်းရတဲ့ရက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် ချက်ချင်းကြီးတော့ နေရာမရွှေ့ခိုင်းထားသေးပါဘူး။ ဒါပေမဲ့ စည်ပင်သာယာရေးဥပဒေအရ တိတိကျကျဆိုရင် အများပြည်သူပိုင်လမ်းနယ်နိမိတ်ပေါ်မှာ ဆိုင်ကယ်တွေတန်းစီရပ်ပြီး ရောင်းချတာရော၊ ဈေးဆိုင်တွေခင်းတာရော အရေးယူလို့ရတယ။ ပထမဆုံးအနေနဲ့က ဆိုင်ကယ်ဆိုင် ဆိုင်ရှင်တွေကို ခေါ်ယူသတိပေးထားတယ်။ နေရာရွှေ့ပြောင်းရောင်းချဖို့အတွက်လည်း လအနည်းငယ် အချိန်ပေးထားတယ်" ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့တွင်း လမ်းပေါ်အထိ ဆိုင်ကယ်များ ခင်းကျင်းရောင်းချနေသည့် ဆိုင်ကယ်အရောင်းဆိုင်များကို အောက်တိုဘာလ ပထမပတ်အတွင်းက မြို့နယ်စည်ပင်သာယာရေးဌာနသို့ ခေါ်ယူဆွေးနွေးပြီး ကိုယ်ပိုင်နေရာ၊ ခြံဝန်းများအတွင်း ရွှေ့ပြောင်းရောင်းချကြရန် သတိပေးထားကြောင်း သိရသည်။

ဈေးဆိုင်ဖွင့်လှစ်ရောင်းချခွင့်မရှိသည့် လမ်းအချိုးအကွေ့ထောင့်များ၌ ဖွင့်လှစ်ထားသည့် ဈေးဆိုင်များ၊ လူသွားလမ်းများအပေါ် နေရာကျူးလွန်ရယူ၍ ရောင်းချနေသော ဈေးဆိုင်များနှင့် လမ်းနယ်နိမိတ်အထိ အဖီဆွဲ၍ ဖွင့်လှစ်ထားသောဈေးဆိုင်များကိုလည်း လိုက်လံစစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲတြင္ လမ္းဧရိယာကို က်ဴးေက်ာ္ခင္းက်င္းသည့္ ဆုိင္ခန္းမ်ားကို သတိေပးၿပီး ဖယ္ရွားရွင္းလင္းမည္

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ လမ္းဧရိယာအထိ ပစၥည္းမ်ား ခင္းက်င္းေနသည့္ ဆုိင္ကယ္ အေရာင္းဆုိင္မ်ားေၾကာင့္ အမ်ားျပည္သူ အေႏွာင့္အယွက္ျဖစ္ေစသည့္အတြက္ လမ္းဧရိယာတြင္ က်ဴးေက်ာ္ ခင္းက်င္းျခင္းမျပဳရန္ သတိေပးထားၿပီး မလိုက္နာပါက အေရးယူမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု သိရသည္။

"'ဒီရက္ပိုင္းမွာက အခါႀကီးရက္ႀကီးလည္းျဖစ္ေနေတာ့ သူတို႔ေရာင္းရတဲ့ရက္ေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ အတြက္ ခ်က္ခ်င္းႀကီးေတာ့ ေနရာမေရႊ႕ခိုင္းထားေသးပါဘူး။ ဒါေပမဲ့ စည္ပင္သာယာေရးဥပေဒအရ တိတိက်က်ဆိုရင္ အမ်ားျပည္သူပိုင္လမ္းနယ္နိမိတ္ေပၚမွွာ ဆိုင္ကယ္ေတြတန္းစီရပ္ၿပီး ေရာင္းခ်တာေရာ၊ ေစ်းဆိုင္ေတြခင္းတာေရာ အေရးယူလို႔ရတယ။ ပထမဆံုးအေနနဲ႔က ဆိုင္ကယ္ဆိုင္ ဆိုင္ရွင္ေတြကို ေခၚယူသတိေပးထားတယ္။ ေနရာေရႊ႕ေျပာင္းေရာင္းခ်ဖို႔အတြက္လည္း လအနည္းငယ္ အခ်ိန္ေပးထားတယ္" ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေအာက္တိုဘာလ (၁၆) ရက္ေန႔တြင္ ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္း လမ္းေပၚအထိ ဆုိင္ကယ္မ်ား ခင္းက်င္းေရာင္းခ်ေနသည့္ ဆုိင္ကယ္အေရာင္းဆုိင္မ်ားကို ေအာက္တိုဘာလ ပထမပတ္အတြင္းက ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနသို႔ ေခၚယူေဆြးေႏြးၿပီး ကိုယ္ပိုင္ေနရာ၊ ၿခံဝန္းမ်ားအတြင္း ေရႊ႕ေျပာင္းေရာင္းခ်ၾကရန္ သတိေပးထားေၾကာင္း သိရသည္။

ေစ်းဆိုင္ဖြင့္လွစ္ေရာင္းခ်ခြင့္မရွိသည့္ လမ္းအခ်ိဳးအေကြ႔ေထာင့္မ်ား၌ ဖြင့္လွစ္ထားသည့္ ေစ်းဆိုင္မ်ား၊ လူသြားလမ္းမ်ားအေပၚ ေနရာက်ဴးလြန္ရယူ၍ ေရာင္းခ်ေနေသာ ေစ်းဆိုင္မ်ားႏွင့္ လမ္းနယ္နိမိတ္အထိ အဖီဆြဲ၍ ဖြင့္လွစ္ထားေသာေစ်းဆိုင္မ်ားကိုလည္း လုိက္လံစစ္ေဆးၾကပ္မတ္မႈမ်ား လုပ္ေဆာင္သြားမည္ဟု သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net