TNLA သိမ်းပိုက်ထားသည့် မန်တုံမြို့ ခလရ(၁၃၀) တပ်စခန်းကို TNLA ခေါင်းဆောင်များနှင့် NUG ဝန်ကြီးတို့ သွားရောက်ကြည့်ရှု

TNLA သိမ်းပိုက်ထားသည့် မန်တုံမြို့ ခလရ(၁၃၀) တပ်စခန်းကို TNLA ခေါင်းဆောင်များနှင့် NUG ဝန်ကြီးတို့ သွားရောက်ကြည့်ရှု
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော မန်တုံမြိုနယ်မှ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းအား TNLA ဒုဥက္ကဌနှင့်အတူ NUG ဝန်ကြီးတို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့နှင့် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူး၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေ မှူး မိုင်းနိုင်ဂေါင်ဇားတို့က တပ်တွင်းအခြေအနေနှင့် ပျက်စီးသွားသည့် အဆောက်အဦးများကို ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါတပ်စခန်းကို TNLAက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မန်တုံမြို့သည့် TNLA က သိမ်းပိုက်သည့် စတုတ္ထမြောက်မြို့ဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News