ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူ (၆၀၀)ကျော် ကျောင်းမတက်ဘဲ CDM ပြုလုပ်မည်

ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူ (၆၀၀)ကျော် ကျောင်းမတက်ဘဲ CDM ပြုလုပ်မည်

စစ်တပ်က လက်နက်ဖြင့် ခြိမ်းခြောက်ပြီး နိုင်ငံ့အာဏာကို သိမ်းလိုက်သည့်အတွက် စစ်ကျွန်ပညာရေးစနစ်ကို လက်မခံနိုင်သည့် ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ အများစုက ကျောင်းမတက်တော့ဘဲ CDM လုပ်ဆောင်လိုက်သည့် စာရင်းမှာ များပြားကြောင်း သိရသည်။

 

ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်အသီးသီးမှ  ကျောင်းသား၊ကျောင်းသူများက ကျောင်းမတက်ဘဲ CDM လုပ်ဆောင်ကြောင်း ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂသို့ ဆက်သွယ် စာရင်းပေးလာချက်အရ မေလ(၆)ရက်နေ့ ညနေပိုင်းအထိ (၆၀၀)ကျော်ရှိကြောင်း သိရသည်။

ကျောင်းလာတက်ဖို့ နောက်ဆုံးနှစ်တွေကိုတော့ ဖုန်းဆက်ပြောတာတွေရှိတယ်၊ ဆရာမတွေလည်း ဆက်တယ်၊ ရူပဗေဒက ဆရာလည်း ဆက်ပြီး ခေါ်တယ်

ဟု ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်အသီးသီးမှ စစ်အာဏာရှင်ကို မလိုလား၍ ကျောင်းမတက်ဘဲ CDM လုပ်ဆောင်ကြောင်း စာရင်းပေးလာသူမှာ (၆၂၉)ဦးရှိပြီး ကျောင်းတက်မည့်စာရင်းမှာ (၄၉)ဦးသာရှိကြောင်းနှင့် (၁၆)ဦးကိုတော့ ဆက်သွယ်၍ မရသေးကြောင်း ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက သိရသည်။

 

ကျန်ရှိသူများအနေဖြင့် ကျောင်းတက်မတက်ကို ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ Students' Union of Kyaing Tong University အမည်ရှိ  Facebook မှ တဆင့် ဆက်သွယ်စာရင်းပေးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။