မဲရုံဧရိယာအတွင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် သတင်းထောက်များမှလွဲ၍ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့် မရှိ

မဲရုံဧရိယာအတွင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် သတင်းထောက်များမှလွဲ၍ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့် မရှိ
နိုဝင်ဘာ 7, 2020
By Tachileik News Agency
မဲရုံဧရိယာအတွင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် သတင်းထောက်များမှလွဲ၍ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့် မရှိ
ဆန္ဒမဲပေးကြမည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ မဲရုံဧရိယာအတွင်း ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် ကန့်သတ်ထားသော်လည်း ရွေးကောက်ပွဲသတင်းရယူခွင့်အတွက် ရွေးကောက်ပွဲကော်မရှင်မှ စိစစ်၍ မီဒီယာသက်သေခံကတ်ပြားထုတ်ပေးထားသည့် သတင်းသမားများ ရိုက်ကူးခွင့်ရမည်ဖြစ်သည်။
“သတင်းမီဒီယာတွေ အနေနဲ့ မဲရုံအတွင်းကိုတော့ ဝင်ရောက်ပြီး သတင်းယူခွင့်မပြုပါဘူး။ မဲရုံပရဝုဏ်ထဲကနေ မဲရုံထဲကို မဲရုံလုပ်ငန်းစဉ်တွေနဲ့ လျို့ဝှက်မဲပေးစနစ်အပေါ် အနှောင့်အယှက် မဖြစ်စေဘဲ စိတ်ကြိုက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူခွင့်ရှိပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်၊ မကွေးတိုင်း/ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် တိုင်းအတွင်း မဲရုံများ၌ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က မီဒီယာများကို ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
 “မီဒီယာသတင်းယူခွင့်ကတ် လျှောက်လာကတည်းက ဒီကိစ္စ၊ ဒီကိစ္စတွေကို လိုက်နာ ဆောင်ရွက်ပါမယ်ဆိုတဲ့ သတင်းဌာနရဲ့ ထောက်ခံချက်တွေပါတယ်။ မီဒီယာတွေ လိုက်နာရမယ့် ethic (ကျင့်ဝတ်) တွေကို လိုက်နာဖို့ပဲလိုပါတယ်။ အဲဒီအပေါ်မှာ ဘာမှ ကန့်ကွက်စရာမရှိပါဘူး”ဟု မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် ပတ်သက်၍ သတ်မှတ်ချက်များကို အများပြည်သူသို့ ထုတ်ပြန်ရာတွင် သတင်းမီဒီယာများအတွက် ခွင့်ပြုထားခြင်းကို ထည့်သွင်းဖေါ်ပြထားခြင်းမရှိသော်လည်း သတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲ သတင်းရယူခွင့်အတွက် ရွေးကောက်ပွဲကော်မရှင်များ၌ တင်ပြလျှောက်ထားစဉ်က စည်းကမ်းသတ်မှတ်ချက်များကို ဖေါ်ပြခွင့်ပြုထားခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~