တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဒေသခံများ မဲဆန္ဒရှင်စာရင်း စစ်ဆေးနိုင်ရန် ဘာသာစကား (၄)မျိုးဖြင့် ဘာသာပြန်ထားရှိပေး

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဒေသခံများ မဲဆန္ဒရှင်စာရင်း စစ်ဆေးနိုင်ရန် ဘာသာစကား (၄)မျိုးဖြင့် ဘာသာပြန်ထားရှိပေး
သြဂုတ် 7, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဒေသခံများ မဲဆန္ဒရှင်စာရင်း စစ်ဆေးနိုင်ရန် ဘာသာစကား (၄)မျိုးဖြင့် ဘာသာပြန်ထားရှိပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ဒေသခံ တိုင်းရင်းသား မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရာတွင် အခက်အခဲ မရှိစေရန် အာခါ၊ လားဟူ၊ ကချင်၊ တအာင်း (ပလောင်) ဘာသာစကားများဖြင့်ပါ ဘာသာပြန်များ ထားရှိပေးထားကြောင်း သိရသည်။

"ဒီမှာက မဲစာရင်းကို စိတ်ဝင်စားမှုရှိကြပါတယ်။ ဘာသာစကားလည်း အခက်အခဲမရှိပါဘူး။ ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေရှိပါတယ်။ တိုင်းရင်းသားပေါင်းစုံရှိပါတယ်။ မဲစာရင်းမှားတွေ၊ မပါတာတွေကို အမြန်ဆုံစိစီစစ်ပြီး ဆောင်ရွက်နေတယ်။ မဲပေးရမယ့်ရက်မှာ အချိန်မီလာဖို့အတွက် ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နဲ့လာပါ။ လာဖို့အခက်အခဲရှိရင် ကျွန်တော်တို့ ကားတွေနဲ့ ကြိုပေးဖို့ ဆောင်ရွက်ထားပါတယ်"ဟု ရေပူစမ်းကျေးရွာသူကြီး ဦးစိုင်းနောင်(ခ)နှုတ်ခမ်းမွှေးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့၌ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၌ အာခါ၊ လားဟူ၊ ကချင်၊ တအာင်း (ပလောင်) တိုင်းရင်းသားများလည်း နေထိုင်ကြရာ မဲစာရင်းကြည့်ရာတွင် ဘာသာစကား အခက်အခဲမရှိစေရေးအတွက် ဘာသာစကားတတ်ကျွမ်းသည့် လူငယ်များက မဲဆန္ဒရှင်စာရင်း စစ်ဆေးမှုအား ကူညီဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ပါက လျှောက်လွှာများ ကူညီဖြည့်သွင်းပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

"မဲစာရင်းလာကြည့်တာတော့ များပါတယ်။ အချို့ရွာတွေက ဝေးတော့ လာမကြည့်နိုင်တဲ့သူတွေအချို့ရှိသေးတယ်။ မဲပေးရမယ့် နေ့နဲ့အချိန်တွေကို ကျွန်တော်တို့ ပြောထားပြီးပြီ။ အချို့ဝေးတဲ့ရွာတွေက ညလာအိပ်တာတွေရှိတယ်။ တစ်ချို့က မနက်စောစော လာကြတယ်"ဟု စမ်းလုကျေးရွာသူကြီး ဦးယာရိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအတွင်းရှိ ရေပူစမ်းကျေးရွာမဲရုံသို့ ကျေးရွာ (၁၂) ရွာမှ လာရောက်မဲပေးရမည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့်စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၂၈) ဦး၊ စမ်းလုကျေးရွာမဲရုံသို့ ကျေးရွာ (၁၄) ရွာမှ လာရောက်မဲပေးရမည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့် စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ (၁၉၂၀) ဦးရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ  - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~