ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၃)ခုမှ ဒေသအချို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအဖြစ်မှ ပယ်ဖျက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၃)ခုမှ ဒေသအချို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအဖြစ်မှ ပယ်ဖျက်
အောက်တိုဘာ 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၃)ခုမှ ဒေသအချို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအဖြစ်မှ ပယ်ဖျက်
ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားသည့်ဒေသများမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်၊ လားရှိုးနှင့် ကွမ်းလုံမြို့နယ်များထဲက ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စု(၂)ခုတွင် ရွေးကောက်ပွဲ ကျင်းပမည့်စာရင်းသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ ပြန်လည်ထည့်သွင်းလိုက်သည်။
အဆိုပါဒေသများကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့်ဒေသစာရင်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ ကြေညာလိုက်ခြင်းဖြစ်သည်။
မူဆယ်မြို့နယ်ရှိ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စုနှင့် ကွမ်းလုံမြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စုများ၏ နယ်မြေအခြေအနေကို ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းမှ မြို့နယ် (၂၃) ခုအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း (၆)ခုမှ မြို့နယ်ပေါင်း (၅၆)မြို့နယ်ရှိ နယ်မြေအချို့၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၌ ထုတ်ပြန်ကြေညာထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နိုင်ငံတစ်ဝန်း မြို့နယ် (၃၃၀) ရှိသည့်အနက် ကချင်ပြည်နယ်ရှိ မြို့နယ် (၁၁) ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ် (၇) ခု၊ မွန်ပြည်နယ်ရှိမြို့နယ် (၁) ခု၊ ရှမ်းပြည်နယ်ရှိမြို့နယ် (၁၃) ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် (၂) ခု စုစုပေါင်းမြို့နယ် (၃၄) ခုရှိ ကျေးရွာအုပ်စု စုစုပေါင်း (၄၀၀) ကျော်တွင် နယ်မြေမငြိမ်းချမ်းခြင်းကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~