တာချီလိတ်မြို့အတွင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချိန်တွင် မဲဆန္ဒရှင်ဦးရေ ထပ်တိုးလာ၍ မဲရုံ (၁) ရုံထပ်တိုးထား

တာချီလိတ်မြို့အတွင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချိန်တွင် မဲဆန္ဒရှင်ဦးရေ ထပ်တိုးလာ၍ မဲရုံ (၁) ရုံထပ်တိုးထား
အောက်တိုဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့အတွင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချိန်တွင် မဲဆန္ဒရှင်ဦးရေ ထပ်တိုးလာ၍  မဲရုံ (၁) ရုံထပ်တိုးထား 
တာချီလိတ်မြို့နယ်တွင်းရှိ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ထုတ်ပြန်ချိန်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်း၌ ကျန်ခဲ့သူများ ထပ်မံဖြည့်သွင်းထားပြီးဖြစ်၍ မဲဆန္ဒရှင်ဦးရေတိုးလာရာ မဲရုံ (၁) ရုံ ထပ်ထိုးဖွင့်လှစ်ထားကြောင်း သိရသည်။ 
"မဲဆန္ဒရှင်ဦးရေ ထပ်တိုးလာတော့ မဲရုံထပ်တိုးတယ်။ အခုက မဲရုံစုစုပေါင်း (၇၀) ဖြစ်သွားတယ်။ မဲရုံ (၁) ရုံထပ်တိုးတာပေါ့"ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ) ဥက္ကဌ ဦးအောင်မင်းက တာချီတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် ပြောသည်။ 
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၇၀) စီစဉ်ထားပြီး ယင်းတို့အနက် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် တပ်မဲရုံ (၁) ရုံအပြင် ရပ်ကွက်ကျေးရွာများနှင့် ပူးတွဲမဲပေးနိုင်မည့် မဲရုံ (၃) ရုံ သတ်မှတ်စီစဉ်ပေးထားကြောင်း သိရသည်။ 

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~