နမ့္ခမ္းၿမိဳ႕တြင္ TNLA ဝတ္စံုဝတ္ဆင္ထားသည့္ အဖြဲ႕မွ လာေရာက္ဖမ္းဆီးသြားသည့္ အမ်ိဳးသမီးႏွင့္ ပတ္သက္၍ (၅)ရက္ၾကာသည္ အထိ သတင္းစံုစမ္း၍ မရ

နမ့္ခမ္းၿမိဳ႕တြင္ TNLA ဝတ္စံုဝတ္ဆင္ထားသည့္ အဖြဲ႕မွ လာေရာက္ဖမ္းဆီးသြားသည့္ အမ်ိဳးသမီးႏွင့္ ပတ္သက္၍ (၅)ရက္ၾကာသည္ အထိ သတင္းစံုစမ္း၍ မရ
သြဂုတ် 22, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္ TNLA ဝတ္စံု ဝတ္ထားသူမ်ားက ေနအိမ္အတြင္း လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားသည့္ အသက္ (၃၇) ႏွစ္အရြယ္အမ်ိဳးသမီးႏွင့္ ပတ္သက္၍ ၾသဂုတ္လ (၂၂)ရက္ေန႔အထိ သတင္းစံုစမ္း၍ မရေသးေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီး ဖမ္းဆီးခံရျခင္းကို နမ့္ခမ္းၿမိဳ႕မရဲစခန္းတြင္လည္း အမႈဖြင့္ထားရာ ၎ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယေန႔အထိ ထူးျခားမႈ မရိွေသးေၾကာင္း နမ့္ခမ္းၿမိဳ႕မရဲတပ္ဖြဲ႕တာဝန္ရိွသူက ေျဖၾကားသည္။

“ျဖစ္တဲ့ေန႔က ကာယကံရွင္ရဲ႕ အမ်ိဳးသားကိုယ္တိုင္လည္း သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ဆီမွာ တိုင္ခ်က္ ဖြင့္ထားပါတယ္။ ကၽြန္ေတာ္တို႔ ကြန္ယက္ကလည္း သြားေတြ႔တယ္။ (၁၉) ရက္ေန႔မွာ ထုတ္ျပန္ခ်က္တစ္ခု ထုတ္တယ္။ အျမန္ဆံုး ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားတယ္။ ဒါေပမဲ့ ဒီေန႔ (၂၂) ရက္ေန႔အထိ အေၾကာင္းျပန္လာမႈ တစ္ခုမွ မရွိေသးဘူး”ဟု လူငယ္မ်ားကြန္ယက္ (နမ့္ခမ္း)မွ ဆက္သြယ္ေရးတာဝန္ခံ ကိုစိုင္းသိန္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နမ့္ခမ္းၿမိဳ႕၊ ဟိုေနာင္ရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ (၈) နာရီဝန္းက်င္က မနန္းမိုဟြမ္သည္ ေနအိမ္တြင္ နံနက္စာ စားေနစဥ္ TNLA တပ္ဖြဲ႕ဝတ္စံု ဝတ္ဆင္ထားသည့္ လူတစ္စုက လက္နက္မ်ားျဖင့္ ဝင္လာကာ ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူ႔ မိသားစုကိုလည္း ဘာမွ မဆက္သြယ္လာဘူး။ သူ႔အမ်ိဳးသားကလည္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထား တာရွိတယ္။ သူတို႔မိသားစုက နမ့္ခမ္းဇာတိပဲ။ အဲဒီေန႔က မနန္းမိုဟြမ္း အဖမ္းခံရတဲ့ အခ်ိန္မွာ သူ႔အမ်ိဳးသားက တရားစခန္းမွာ။ သူ႔အေမလည္း တရားစခန္းမွာ။ အိမ္မွာက သူ႔ရဲ႕တူမနဲ႔ အလုပ္သမား တစ္ခ်ိဳ႕ပဲရွိတယ္။ ကြ်န္ေတာ္တို႔လည္း သူတို႔ကို ေမးျမန္းရသေလာက္ပဲ သိရတယ္” ဟု လူငယ္ကြန္ယက္ (နမ့္ခမ္းၿမိဳ႕) မွ ဆက္သြယ္ေရး တာဝန္ခံ ကိုစိုင္းသိန္းေရႊက ေျပာသည္။

လာေရာက္ဖမ္းဆီးသူမ်ားက ေနအိမ္တြင္ တပ္ဆင္ထားသည့္ လံုၿခံဳေရးကင္မရာမွ မွတ္တမ္းမ်ားကိုလည္း ဖ်က္ဆီးခဲ့သည့္ အျပင္ hard disk ကိုပါ ယူေဆာင္သြားေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းသည္ ျပည္သူတစ္ဦး၏ အခြင့္အေရးကို ခ်ိဳးေဖါက္ျခင္းျဖစ္သျဖင့္ ရႈံ႕ခ်ကန္႔ကြက္ေၾကာင္းႏွင့္ ဖမ္းဆီးထားသည့္အမ်ိဳးသမီးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ေတာင္းဆိုေၾကာင္းကို လူငယ္ကြန္ယက္(နမ့္ခမ္းၿမိဳ႕)က ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္လုိက္သည္။

သတင္း - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် TNLA ဝတ်စုံ ဝတ်ထားသူများက နေအိမ်အတွင်း လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် (၃၇) နှစ်အရွယ်အမျိုးသမီးနှင့် ပတ်သက်၍ သြဂုတ်လ (၂၂)ရက်နေ့အထိ သတင်းစုံစမ်း၍ မရသေးကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ဖမ်းဆီးခံရခြင်းကို နမ့်ခမ်းမြို့မရဲစခန်းတွင်လည်း အမှုဖွင့်ထားရာ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း နမ့်ခမ်းမြို့မရဲတပ်ဖွဲ့တာဝန်ရှိသူက ဖြကြေားသည်။

“ဖြစ်တဲ့နေ့က ကာယကံရှင်ရဲ့ အမျိုးသားကိုယ်တိုင်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဆီမှာ တိုင်ချက် ဖွင့်ထားပါတယ်။ ကျွန်တော်တို့ ကွန်ယက်ကလည်း သွားတွေ့တယ်။ (၁၉) ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်တယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတယ်။ ဒါပေမဲ့ ဒီနေ့ (၂၂) ရက်နေ့အထိ အကြောင်းပြန်လာမှု တစ်ခုမှ မရှိသေးဘူး”ဟု လူငယ်များကွန်ယက် (နမ့်ခမ်း)မှ ဆက်သွယ်ရေးတာဝန်ခံ ကိုစိုင်းသိန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၈) နာရီဝန်းကျင်က မနန်းမိုဟွမ်သည် နေအိမ်တွင် နံနက်စာ စားနေစဉ် TNLA တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်စုက လက်နက်များဖြင့် ဝင်လာကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ မိသားစုကိုလည်း ဘာမှ မဆက်သွယ်လာဘူး။ သူ့အမျိုးသားကလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထား တာရှိတယ်။ သူတို့မိသားစုက နမ့်ခမ်းဇာတိပဲ။ အဲဒီနေ့က မနန်းမိုဟွမ်း အဖမ်းခံရတဲ့ အချိန်မှာ သူ့အမျိုးသားက တရားစခန်းမှာ။ သူ့အမေလည်း တရားစခန်းမှာ။ အိမ်မှာက သူ့ရဲ့တူမနဲ့ အလုပ်သမား တစ်ချို့ပဲရှိတယ်။ ကျွန်တော်တို့လည်း သူတို့ကို မေးမြန်းရသလောက်ပဲ သိရတယ်” ဟု လူငယ်ကွန်ယက် (နမ့်ခမ်းမြို့) မှ ဆက်သွယ်ရေး တာဝန်ခံ ကိုစိုင်းသိန်းရွှေက ပြောသည်။

လာရောက်ဖမ်းဆီးသူများက နေအိမ်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှ မှတ်တမ်းများကိုလည်း ဖျက်ဆီးခဲ့သည့် အပြင် hard disk ကိုပါ ယူဆောင်သွားကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ပြည်သူတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှုံ့ချကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့်အမျိုးသမီးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကို လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)က သြဂုတ်လ (၁၉) ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~