မြန်မာနိုင်ငံအတွင်း ဧပြီလ(၇)ရက်နေ့တွင် စောင့်ကြည်လူနာ (၃၂)ဦးအား ဓါတ်ခွဲစစ်ဆေးရာ COVID 19 မတွေ့

မြန်မာနိုင်ငံအတွင်း ဧပြီလ(၇)ရက်နေ့တွင် စောင့်ကြည်လူနာ (၃၂)ဦးအား ဓါတ်ခွဲစစ်ဆေးရာ COVID 19 မတွေ့
ဧပြီ 7, 2020
By Tachileik News Agency

 မြန်မာနိုင်ငံအတွင်း ဧပြီလ(၇)ရက်နေ့တွင် စောင့်ကြည်လူနာ (၃၂)ဦးအား ဓါတ်ခွဲစစ်ဆေးရာ COVID 19 မတွေ့

စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသူ (၃၂)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမရှိကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အတည်ပြုလူနာအသစ် ထပ်တိုးခြင်း မရှိသဖြင့် ဧပြီလ (၇) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၂၂)ဦးအနက် (၁)ဦးသေဆုံးပြီး ကျန်(၂၁)ဦးမှာ ကုသမှုခံယူနေဆဲဖြစ်ကောင်း နှင့် ဧပြီလ (၆)ရက်နေ့ ညနေ (၆)နာရီမှ ဧပြီလ (၇)ရက်နေ့ ညနေ (၆)နာရီအထိ (၂၄)နာရီအတွင်း စောင့်ကြည့်လူနာသစ် (၁၉)ဦး ထပ်တိုးကြောင်း သိရသည်။

လက်ရှိအချိန်ထိ အတည်ပြုလူနာများကို ချင်းပြည်နယ်ရှိ တီးတိန် ပြည်သူ့ဆေးရုံ၊ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကု ဆေးရုံကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ကန်တော်နဒီဆေးရုံ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်ရှိ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတို့တွင် ကုသပေးနေပြီး ဧပြီလ (၇)ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသပေးနေကာ ကျန်လူနာ (၁၉)ဦး အခြေအနေတည်ငြိမ်နေကြောင်း သတင်းထုတ်ပြန်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~