မဲဆန္ဒရှင် (၇၀၀၀)ကျော် ဆန္ဒမဲပေးမည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ မဲရုံ(၃)ရုံ အခြေအနေ

မဲဆန္ဒရှင် (၇၀၀၀)ကျော် ဆန္ဒမဲပေးမည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ မဲရုံ(၃)ရုံ အခြေအနေ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
 
မဲဆန္ဒရှင် (၇၀၀၀)ကျော် ဆန္ဒမဲပေးမည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ မဲရုံ(၃)ရုံ အခြေအနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲဝန်းအတွင်း၌ မဲရုံ အမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၃) ခွဲ၍ ဖွင့်လှစ်ပေးထားပြီး မဲဆန္ဒရှင် (၇,၀၀၀) ကျော် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နံနက် (၆)နာရီ၌ စတင်မဲပေးနေကြပြီဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်မြို့နယ်အတွင်း မဲရုံပေါင်း (၇၀) တွင် မဲဆန္ဒရှင်အရေအတွက် (၁၂၉၈၇၅) ဦး မဲပေးရမည်ဖြစ်ပြီး အသက် (၆၀)နှစ်နှင့်အထက်၊ ရွေးကောက်ပွဲတာဝန်ကျသူများနှင့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးထားသူများမှလွဲ၍ ကျန်မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေကြပြီဖြစ်သည်။
ဆန္ဒမဲပေးမည့်သူများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများက ထုတ်ပေးထားသည့် မဲဆန္ဒရှင်လက်မှတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ယာယီသက်သေခံအထောက်အထားများ ယူဆောင်လာရန်လိုအပ်မည်ဖြစ်သည်။
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~