တာချီလိတ်မြို့၏ ဇူလိုင်လ(၇)ရက်နေ့ နေ့တစ်ပိုင်းအတွင်း (၁၆)ဦးတွင် Covid-19 ပိုးထပ်တွေ့

တာချီလိတ်မြို့၏ ဇူလိုင်လ(၇)ရက်နေ့ နေ့တစ်ပိုင်းအတွင်း (၁၆)ဦးတွင် Covid-19 ပိုးထပ်တွေ့
ဇူလိုင် 7, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်းအတွင်း ပိုးတွေ့သူများပြားနေသည့် တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၇)ရက်နေ့ နေ့တစ်ပိုင်းအတွင်း ပိုးတွေ့လူနာ (၁၆)ဦး ထပ်တွေ့ရကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းက စ၍ နေ့လည်(၁၂)နာရီအချိန်အထိ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်စစ်ဆေးမှု ခံယူသူများထဲက   ပိုးတွေ့ရှိရသူများ နှင့် ရွှေရည်မြင့်မိုရ် မိုတယ်၏ အတည်ပြုလူနာများနှင့် ထိတွေ့မိသူများကို စစ်ဆေးရာက တွေ့ရှိရာမှ စုစုပေါင်း အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၈)ဦး တို့ ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့ကစ၍ Covid-19 တတိယလှိုင်း စတင်ရာ ယနေ့ ဇူလိုင်လ(၇)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်အထိ စုစုပေါင်း (၁၈၃)ဦးအထိ ရှိလာနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထိတွေ့မှုနှုန်း လျော့နည်းပြီး ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် Stay at Home မသတ်မှတ်ရသေးသော်လည်း မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရန်၊ ထွက်ပါက Mask ကို မဖြစ်မနေ တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ကျဉ်ရန်အတွက် သတိထားရန်လိုအပ်ကြောင်း အသိပေးထားရှိသည်။