တာခ်ီလိတ္ၿမိဳ႕ ရွမ္းရုိးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးေန

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရုိးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးေန
ဇွန် 20, 2019
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)တို႔ ပူးေပါင္းကာ ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ဆိုင္ကယ္ေမာင္းလိုင္စင္ရိွေစေရးအတြက္ အထူးနယ္လွည့္ကြင္းဆင္း ေဆာင္ရြက္ေပးမႈအျဖစ္ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔ နံနက္(၉)နာရီက စ၍ ေန႔လည္(၂)နာရီ အထိ ျပဳလုပ္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းလိုင္စင္ျပဳလုပ္လိုသူမ်ား အေနျဖင့္  (က-၁) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၁၅,၀၀၀)၊ (က) လိုင္စင္ ျပဳလုပ္ပါက က်ပ္ (၂၅,၀၀၀) က်သင့္မည္ျဖစ္ၿပီး ေလွ်ာက္ထားသူမ်ားအေနျဖင့္  မွတ္ပံုတင္မူရင္း၊ မိတၱဴတစ္ေစာင္၊ ပတ္စပို႔ဓာတ္ပံု (၃) ပံုျဖင့္ လူကိုယ္တိုင္လာေရာက္ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သိရသည္။

ဇြန္လ(၂၁)ရက္ေန႔တြင္လည္း နံနက္(၉)နာရီက စ၍ ေန႔လည္(၂)နာရီ အထိ ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးမှုအဖြစ် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ နံနက်(၉)နာရီက စ၍ နေ့လည်(၂)နာရီ အထိ ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများ အနဖြေင့် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင် ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး လျှောက်ထားသူများအနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၁)ရက်နေ့တွင်လည်း နံနက်(၉)နာရီက စ၍ နေ့လည်(၂)နာရီ အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net