တာချီလိတ်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားဒေသမှ မဲရုံများအချိန်မီ မဲပေးနိုင်ရေးအတွက် မဲလက်မှတ်များကို လုံခြုံရေးအစောင့်အရှောက်များဖြင့် ကြိုတင် ပို့ဆောင် ပေးထားမည်

တာချီလိတ်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားဒေသမှ မဲရုံများအချိန်မီ မဲပေးနိုင်ရေးအတွက် မဲလက်မှတ်များကို လုံခြုံရေးအစောင့်အရှောက်များဖြင့် ကြိုတင် ပို့ဆောင် ပေးထားမည်
နိုဝင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားဒေသမှ မဲရုံများအချိန်မီ မဲပေးနိုင်ရေးအတွက် မဲလက်မှတ်များကို လုံခြုံရေးအစောင့်အရှောက်များဖြင့် ကြိုတင် ပို့ဆောင် ပေးထားမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားဒေသများမှ မဲရုံများတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ သတ်မှတ်ချိန်အတွင်း အချိန်မီ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များကို လုံခြုံရေးအစောင့်အရှောက်များဖြင့် ကြိုတင်ပို့ဆောင်ထားမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့ မဲရုံ (၇၀) ထဲမှာ ဝေးလံတဲ့မဲရုံ (၃) ရုံရှိပါတယ်။ မိုင်းကိုးအုပ်စုမှာက (၂) ရုံ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှာက ရေပူစမ်းကျေးရွာ (၁) ရုံပေါ့။ ဒီ (၃) ရုံက မဲလက်မှတ်တွေအတွက် မြို့နယ်ကော်မရှင်က ညှိနှိုင်းလာတာရှိပါတယ်။   မဲလက်မှတ်တွေကြိုတင်ထုတ်ပေးပြီးတော့ သက်ဆိုင်ရာလုံခြုံရေးအစောင့်အရှောက်နဲ့ ကြိုသွားကြမှာဖြစ်ပါတယ်။ (၈) ရက်နေ့မှာ မဲပေးနိုင်အောင်အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။
ရွေးကောက်ပွဲကာလ မဲရုံများလုံခြုံရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအတွက် လေ့ကျင့်ပေးထားသည့် အထူးရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်များက စုပေါင်းတာဝန်ယူကြမည်ဖြစ်ကြောင်း သိရသည်။
မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် တာဝန်ယူမည်ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွက် ရွေးကောက်ပွဲအထူးရဲ (၇၀)ဦး လေ့ကျင့်ခန့်အပ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~