မိုင်းတုံမြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး

မိုင်းတုံမြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး
နိုဝင်ဘာ 30, 2020
By Tachileik News Agency
မိုင်းတုံမြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ အတည်ပြုလူနာနှင့်ထိတွေ့ အမျိုးသား (၂) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့က စစ်ဆေးမှုအတွင်း COVID 19 positive ဖြစ်ကြောင်း တွေ့ရသည်။
"သူတို့က ရန်ကုန်ကနေ ကားနှစ်စီးနဲ့ မီးစက်သယ်လာတဲ့အဖွဲ့ကပဲ။ သူတို့ထဲက တစ်ယောက်က positive ဖြစ်လို့ အားလုံးကို facility quarantine ထားပြီး ဒီနေ့ စစ်တာ နှစ်ယောက် positive ဖြစ်တယ်။ သူတို့နဲ့နောက်ထပ် ထိတွေ့တော့ ထပ်မထွက်တော့ဘူး။ အားလုံး ကျန်းမာရေးအခြေအနေကောင်းနေပါတယ်"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းတုံမြို့တွင် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ရန်ကုန်မှ ကားနှစ်စီးနှင့်လာသည့် အမျိုးသား (၄) ဦးအနက် အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့ရသဖြင့် ကျန် (၃)ဦးအား အထက(မိုင်းတုံ)တွင် facility quarantine ထားရှိခဲ့ခြင်းဖြစ်သည်။ 
ယင်းနေ့မှာပင် မိုင်းခုတ်မြို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်ခဲ့ကြမည့် လမ်းလုပ်သားအဖွဲ့မှ အမျိုးသမီး (၁)ဦးတွင်လည်း ပိုးတွေ့ရခြင်းဖြစ်သည်။
မိုင်းတုံပြည်သူ့ဆေးရုံ၌ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ အတည်ပြုလူနာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁) ဦးရှိနေပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးရမည့် ထိတွေ့သူ (၆၁)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~