တာချီလိတ်ဆေးရုံမှ မလေးရှားနိုင်ငံသား အပါအဝင် စောင့်ကြည့်သံသယလူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေ ပိုးမတွေ့

တာချီလိတ်ဆေးရုံမှ မလေးရှားနိုင်ငံသား အပါအဝင် စောင့်ကြည့်သံသယလူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေ ပိုးမတွေ့
ဧပြီ 1, 2020
By Tachileik News Agency

တာချီလိတ်ဆေးရုံမှ မလေးရှားနိုင်ငံသား အပါအဝင် စောင့်ကြည့်သံသယလူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေ ပိုးမတွေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံမှ မလေးရှားနိုင်ငံသား အပါအဝင် စောင့်ကြည့်သံသယလူနာ (၂)ဦးမှာ COVID - 19 ပိုး မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့က ဓါတ်ခွဲအဖြေရလာပြီဖြစ်သည်။

“ဒီနေ့ လူနာ(၂)ဦးလုံးအဖြေက negative ပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ တာချီလိတ်မြို့တွင် ရောက်ရှိစဉ် သွားရောက်ခဲ့သည့် ထမင်းဆိုင်မှ အမျိုးသမီးမှာ ဖျားနေသဖြင့် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် ပြင်ပဆေးခန်း၌ ဝမ်းလျှောသဖြင့် လာပြသည့် မလေးရှားနိုင်ငံသားကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာများ၏ ဓါတ်ခွဲအဖြေများတွင် ပိုးမတွေ့ရကြောင်း အဖြေရထားပြီးဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ည (၈)နာရီအထိ COVID 19 စောင့်ကြည့်လူနာ မရှိတော့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~