တာချီလိတ်တွင် ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများစာရင်း ရယူနေပြီး သီးခြားစောင့်ကြည့် (၁၈)ဦးနှင့် ဆေးရုံသီးခြားစောင့်ကြည့် (၁)ဦး ကနဦးတွေ့ရှိ

တာချီလိတ်တွင် ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများစာရင်း ရယူနေပြီး သီးခြားစောင့်ကြည့် (၁၈)ဦးနှင့် ဆေးရုံသီးခြားစောင့်ကြည့် (၁)ဦး ကနဦးတွေ့ရှိ
မတ် 31, 2020
By Tachileik News Agency
တာချီလိတ်တွင် ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများစာရင်း ရယူနေပြီး  သီးခြားစောင့်ကြည့်  (၁၈)ဦးနှင့် ဆေးရုံသီးခြားစောင့်ကြည့် (၁)ဦး ကနဦးတွေ့ရှိ

ကျောက်မဲမြို့မှ ကိုရိုနာ(COVID-19) အတည်ပြုလူနာသည် တာချီလိတ်မြို့တွင် (၂) ရက်တာနေထိုင်ခဲ့စဉ်အတွင်း ထိတွေ့နိုင်ခြေ ရှိသူများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ညက စိစစ်စာရင်းယူနေရာ စာရင်းရရှိထားသည့် (၁၈)ဦးကို နေအိမ်တွင် သီးခြားစောင့်ကြည့်မှုအောက်တွင် ထားရှိပြီး ချောင်းဆိုးနေသူတစ်ဦးကို ဆေးရုံတွင် သီးခြားစောင့်ကြည့်လူနာအဖြစ် ခေါ်ဆောင်ထားသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၂၀၂၀ခုနှစ် မတ်လ (၃၀) ရက်နေ့ညတွင် COVID 19 အတည်ပြုလူနာအဖြစ် ထုတ်ပြန်လိုက်သည့် ကျောက်မဲပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာမှာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ တာချီလိတ်မြို့သို့ မတ်လ(၂၅)ရက်နေ့က ဝင်လာပြီး (၂)ရက်တာ တည်းခိုနေထိုင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာ အပါအဝင် နေရပ်ပြန် (၁၀)ဦးအဖွဲ့ မတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ တည်းခိုနေထိုင်ခဲ့သည့်  ဟိုတယ်မှ ဝန်ထမ်းများနှင့် တည်းခိုနေထိုင်ခဲ့သူများ၊  အတည်ပြုလူနာပါဝင်သည့်အဖွဲ့ သွားလာ၊ စားသောက်ခဲ့သည့် နေရာများမှ ထိတွေ့ခဲ့သူများ၊ ဆံပင်ညှပ်ဆိုင်တွင် ထိတွေ့ခဲ့သူများအား တာချီလိတ် ခရိုင်/မြို့နယ်အဆင့် (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီသည်  လိုက်လံစိစစ် စာရင်းယူနေခြင်းဖြစ်သည်။

အတည်ပြုလူနာ နယ်စပ်တံတားမှ ဖြတ်သန်းဝင်လာပြီး တာချီလိတ်လေဆိပ်မှ ထွက်ခွာသည်အထိ ထိတွေ့မှုရှိခဲ့သူများစာရင်းကို ထပ်မံစိစစ်ပြီး နေအိမ်အတွင်း (၁၄)ရက်စောင့်ကြည့်မှုအောက်တွင် ထားရှိရန် ဆက်လက် ဆောင်ရွက်နေကြသည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် (၂)ရက်နေထိုင်သွားခဲ့ပြီး ကျောက်မဲသို့ ပြန်သွားသည့် ထိုင်းပြည်တော်ပြန် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် သတ်မှတ်

ကျောက်မဲမှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပြန်လာသည့်နေ့တွင် တာချီလိတ်ရှိ တံတား(၁)မှ လူပေါင်း (၈၆၅)ဦး ဝင်ရောက်ခဲ့

တာချီလိတ်မြို့တွင် ကျောက်မဲမြို့မှ COVID 19 အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်ကို အဝင်အထွက် ယာယီပိတ်ထားလိုက်ပြီ

တာချီလိတ်တွင် ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများစာရင်း ရယူနေပြီး  သီးခြားစောင့်ကြည့်  (၁၈)ဦးနှင့် ဆေးရုံသီးခြားစောင့်ကြည့် (၁)ဦး ကနဦးတွေ့ရှိ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~