ကုလားပါးကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့မိ၍ လွှတ်တော်ကိုယ်စားလှယ် နှင့် မိသားစု Covid-19 ကူးစက်ခံရ

ကုလားပါးကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့မိ၍ လွှတ်တော်ကိုယ်စားလှယ် နှင့် မိသားစု Covid-19 ကူးစက်ခံရ
နိုဝင်ဘာ 22, 2020
By Tachileik News Agency

 

ကုလားပါးကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့မိ၍ လွှတ်တော်ကိုယ်စားလှယ် နှင့် မိသားစု Covid-19 ကူးစက်ခံရ

မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူး/စကုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုအပါအဝင် စုစုပေါင်း (၅)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့၌ RDT ဖြင့် စစ်ဆေးမှုအတွင်း အဖြေရထားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင် (၂)ဦးတို့မှာ ကုလားပါးကျေးရွာမှ အနံ့ပျောက်လူနာနှင့် ထိစပ်သူ (၅၆)ဦးတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။
"ကုလားပါးကျေးရွာက အနံ့ပျောက်လူနာနဲ့ ထိစပ်သူ (၅၆) ဦးကို နိုဝင်ဘာ(၂၁)ရက်နေ့မှာ Quarantine ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၂၂)ရက်နေ့မှာ RDT နဲ့ အမြန်စစ်ခဲ့တာပါ။ အဲဒီ စစ်ဆေးချက်အဖြေတွေအရ (၅၆)ဦးထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုမှာ Covid-19ရောဂါပိုးတွေ့ရှိခဲ့တာပါ"ဟု မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေး ပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းဘူးမြို့နယ်၊ ကုလားပါးကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သည့် (၅၆) ဦးအား အသွားအလာကန့်သတ်ထားပြီးနောက် နိုဝင်ဘာ (၂၂) ရက်နေ့တွင် RDT ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းဘူး/စကုမြို့နယ်တွင် နိုဝင်ဘာ (၂၂) ရက်နေ့က ကုလားပါးကျေးရွာမှ ပိုးတွေ့လူနာနှင့် ထိစပ်သူ (၅၆) ဦးအား စစ်ဆေးမှုတွင် အတည်ပြုလူနာ (၃)ဦးတွေ့ရသည့်အပြင် စက္ကိန်းတဲ facility quarantine စင်တာမှ ပိုးတွေ့သူနှင့်ထိစပ်သူ(၁)ဦးနှင့် စကုကန်ဦးရိပ်သာ facility quarantine စင်တာမှ (၁) ဦး စုစုပေါင်း (၅)ဦးတို့တွင် COVID 19 ပိုးတွေ့ရကြောင်း မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်၏ ပြောကြားချက်အရ သိရသည်။  
မင်းဘူး/စကုမြို့နယ်တွင် နိုဝင်ဘာလ (၂၂)ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ (၁၀၅)ဦး အထိရှိပြီး သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~