COVID 19 ကာကွယ်ရေးအတွက် ဆိုင်ထိုင်ပြီး စားသုံးခြင်း မပြုကြရန် တာချီလိတ်စည်ပင် တိုက်တွန်းပန်ကြား

COVID 19 ကာကွယ်ရေးအတွက် ဆိုင်ထိုင်ပြီး စားသုံးခြင်း မပြုကြရန် တာချီလိတ်စည်ပင် တိုက်တွန်းပန်ကြား
မတ် 25, 2020
By Tachileik News Agency
COVID 19 ကာကွယ်ရေးအတွက် ဆိုင်ထိုင်ပြီး စားသုံးခြင်း မပြုကြရန် တာချီလိတ်စည်ပင် တိုက်တွန်းပန်ကြား 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံရခြင်းမရှိစေရန် လူစုလူဝေး တတ်နိုင်သမျှရှောင်ရမည်ဖြစ်၍ ဆိုင်ထိုင်စားသုံးခြင်းမပြုဘဲ ပါဆယ်ဝယ်ရန် တိုက်တွန်းပန်ကြားစာကို ၂၀၂၀ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့၌ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လိုက်လံဝေငှသည်။

"အသိပေးတာကတော့ အပေါ်စာလေးတွေနဲ့ ဆိုင်တွေကို လက်လှမ်းမီသမျှ ကျွန်တော်တို့ လိုက်ဖြန့်ပေးနေပါတယ်။ မနက်ဖြန်လည်း အကုန်လိုက်ဖြန့်မှာ စားသောက်ဆိုင်တွေရော၊ ဈေးတွေရော၊ လမ်းသွားလမ်းလာတွေကိုရောပေါ့။ မနက်ဖြန် ဘေလ်ဘုတ်တွေ လည်းထောင်မယ်။ ကျွန်တော်တို့ စည်ပင်နယ်နမိတ်အတွင်းမှာ အကုန်လုပ်သွားမှာပါ"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

လူစုလူဝေးရှောင်ရှားရန် ဆိုင်ထိုင်စားသုံးခြင်းမပြုကြဘဲ ပါဆယ်ဝယ်ယူ၍ မိမိနေထိုင်ရာနေရာသို့ ယူဆောင်စားသုံးကြရန် တိုက်တွန်းပန်ကြားထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်းဖြစ်သည့် ရှမ်းရိုးမကွင်းရှေ့၊ မြို့မဈေး၊ ခရိုင်ရုံးရှေ့၊ အထက(တာချီလိတ်)ကျောင်းရှေ့တို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး ပြည်သူများသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ပန်ကြားချက်ကို ဘေလ်ဘုတ်များထောင်၍ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~