ကယားပြည်နယ်တွင် ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူများအား အောက်တိုဘာလ (၂၄) နေ့၌ ဓာတ်ခွဲစစ်ဆေးမည်

ကယားပြည်နယ်တွင် ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူများအား အောက်တိုဘာလ (၂၄) နေ့၌ ဓာတ်ခွဲစစ်ဆေးမည်
အောက်တိုဘာ 23, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူများအား အောက်တိုဘာလ (၂၄) နေ့၌ ဓာတ်ခွဲစစ်ဆေးမည်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၌ ထပ်တိုးတွေ့ရသည့် COVID 19 ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူများကို အောက်တိုဘာလ (၂၄)ရက်နေ့၌ COVID 19 ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“ထိတွေ့တဲ့သူကတော့ သူ့ကိုသွားခေါ်တဲ့သူတွေ။ သူတို့က  PPE  ဝတ်ထားပေမဲ့ သူတို့ကိုလည်း စာရင်းယူမယ်။ နောက်ပြီး သူ့အခန်းထဲမှာ နှစ်ယောက်နေတယ်။ အဲဒီတစ်ယောက်ကို မနက်ဖြန်စစ်မယ်။ ကျန်တာကတော့ quarantine က ဟိုဖက်ခန်း၊ ဒီဖက်ခန်းက လူတွေရယ်ပေါ့။ အများကြီးတော့ မရှိပါဘူး။”ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်တွင် ဒုတိယမြောက် အတည်ပြုလူနာအဖြစ် တွေ့ရသည့် အမျိုးသမီးမှာ ရန်ကုန်မှ အငှားယာဉ်ဖြင့် လာခဲ့ခြင်းဖြစ်ကာ အောက်တိုဘာလ (၁၄)ရက်နေ့က လွိုင်ကော်မြို့အဝင် ဝါရီကောခူဂိတ်မှတစ်ဆင့် ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းကားဖြင့် ပညာရေးကောလိပ် quarantine center တွင် အသွားအလာကန့်သတ်နေထိုင်နေသူဖြစ်သည်။
“အောက်တိုဘာ (၂၂) ရက်နေ့မှာ swab ယူတယ်။  (၂၃) ရက်နေ့မှာ အဖြေထွက်တယ်။ ပိုးတွေ့တယ်ပေါ့။ ရန်ကုန်က ရွှေလင်ပန်းစက်မှုဇုံမှာရှိတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တယ်။ ကျန်းမာရေးအခြေနေ အားလုံးကောင်းပါတယ်။ အဖျားမရှိ ဘာမရှိပေါ့။ အခုဆေးရုံကြီးကို ပို့လိုက်ပါပြီ ။ အရင်တစ်ယောက်လည်း ရှိနေသေးတယ်ပေါ့နော်။ ပိုးတွေ့က နှစ်ယောက်ရှိသွားပြီပေါ့။”ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာကို အောက်တိုဘာလ (၁၅)ရက်နေ့၌ တွေ့ခဲ့ရခြင်းဖြစ်ပြီး အဆိုပါအတည်ပြုလူနာမှာလည်း ရန်ကုန်မှပြန်လာ၍ လွိုင်ကော်ပညာရေးကောလိပ်ရှိ quarantine center တွင် ထားရှိကာ ဓာတ်ခွဲနမူနာစစ်ဆေးရာမှ တွေ့ခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~