တာချီလိတ်တွင် နှစ်နိုင်ငံနယ်စပ်ချောင်းမှ ခိုးဝင်များအား တားဆီးထားသည့် ခြံစည်းရိုး ဖျက်ဆီးသူကို ဖမ်းဆီးရမိ

တာချီလိတ်တွင် နှစ်နိုင်ငံနယ်စပ်ချောင်းမှ ခိုးဝင်များအား တားဆီးထားသည့် ခြံစည်းရိုး ဖျက်ဆီးသူကို ဖမ်းဆီးရမိ
ဧပြီ 11, 2020
By Tachileik News Agency
တာချီလိတ်တွင် နှစ်နိုင်ငံနယ်စပ်ချောင်းမှ ခိုးဝင်များအား တားဆီးထားသည့် ခြံစည်းရိုး ဖျက်ဆီးသူကို ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊  တာချီလိတ်မြို့တွင် နှစ်နိုင်ငံနယ်စပ်ချောင်းမှ တရားမဝင်ဖြတ်ကူးမှုများအား တားဆီးရန် ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးသူတစ်ဦးအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ပြည်သူ့စစ်ဆေးဂိတ်အနီးရှိ မယ်ဆိုင်ချောင်းဘေး ခြံစည်းရိုးကာရံထားသည့် သံဆူးကြိုး အရှည် (၄)ပေခန့်ကို ဖြတ်တောက်နေသည့် မြင့်ကြည် (ခ) ကိုစိုးဆိုသူအား ရဲအုပ်ခင်ဇော်ထိုက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးမှ တာဝန်ရှိသူများ၊ ပြည်သူစစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် COVID 19 ကူးစက်နေမှုများအား ထိန်းချုပ်နိုင်ရန်အတွက် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ လူအဝင်အထွက်ပြုလုပ်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ရာ နယ်စပ်ချောင်းမှနေ၍ ခိုးဝင်သူများရှိနေသဖြင့် တာချီလိတ်နှင့် မယ်ဆိုင်ဘက်တွင် သံဆူးကြိုးအကာအရံများ ပြုလုပ်ထားခြင်းဖြစ်သည်။

နယ်စပ်ကာရံထားသည့် သံဆူးကြိုးများ ဖြတ်တောက်ခဲ့သည့် မြင့်ကြည် (ခ) ကိုစိုးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၀၄/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇/၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~