လွိုင်မွေ ချယ်ရီပန်းတွေကို ခူးဆွတ် ခုတ်ယူတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံ

လွိုင်မွေ ချယ်ရီပန်းတွေကို ခူးဆွတ် ခုတ်ယူတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံ
ဇန်နဝါရီ 13, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

လွိုင်မွေ ချယ်ရီပန်းတွေကို ခူးဆွတ် ခုတ်ယူတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းထဲက လွယ်မွေလို့ ခေါ်တဲ့ တောင်စခန်းမြို့လေးမှာ ချယ်ရီပန်းပွင့်ချိန်ဖြစ်တဲ့အတွက် လာရောက်လည်ပတ်သူတွေများပြားနေပြီး ချယ်ရီပန်းခူးဆွတ်တာတွေ၊ ကိုင်းခုတ်ယူတာတွေ မလုပ်ဖို့အတွက် သတိပေးတားမြစ်မှုတွေ လုပ်ဆောင်ထားပါတယ်။

ချယ်ရီပန်းပွင့်ချိန်တွေမှာ ပန်းခူးတာတွေ ကိုင်းခုတ်ယူတာတွေကို ဘယ်နေရာမှာမှ မလုပ် စေချင်ဘူးလို့ ချယ်ရီပင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်နေသူ လွယ်မွေဒေသခံ တစ်ဦးဖြစ်တဲ့ ဒေါ်ယဉ်သီတာဦးက ပြောပါတယ်။

လွယ်မွေဒေသမှာ ချယ်ရီပင်တွေနည်းပါးသွားတဲ့အတွက် ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုတွေလုပ်ဆောင်နေပြီးတော့ တပ်မတော်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်

လွိုင်မွေမှာ နှစ်စဉ် ဒီဇင်ဘာလရဲ့ တတိယပတ် နဲ့ စတုတ္ထပတ်များအတွင်းမှာ ချယ်ရီပန်းတွေဟာ စတင်ဖူးပွင့်လေ့ရှိပြီး အခု ရိုက်ကူးတင်ဆက်တာထားကတော့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့က  ချယ်ပန်းတွေ ဖူးပွင့်နေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~