ကျောက်မဲမြို့တွင် Covid-19 ပိုးတွေ့(၂)ဦးအနက် တစ်ဦးမှာ ပထမအကြိမ် စစ်ဆေးစဉ် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ်မှ ပိုးတွေ့

ကျောက်မဲမြို့တွင် Covid-19 ပိုးတွေ့(၂)ဦးအနက် တစ်ဦးမှာ ပထမအကြိမ် စစ်ဆေးစဉ် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ်မှ ပိုးတွေ့
နိုဝင်ဘာ 29, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်  Covid-19 ပိုးတွေ့(၂)ဦးအနက် တစ်ဦးမှာ ပထမအကြိမ် စစ်ဆေးစဉ် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ်မှ ပိုးတွေ့
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် Quarantine ထားပြီး Covid-19 ပိုးတွေ့ရသည့်  (၂)ဦးထဲက တစ်ဦးအား ပထမအကြိမ် စစ်ဆေးစဉ် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးမှု၌  Covid-19 ပိုးတွေ့ကြောင်း နိုဝင်ဘာ လ(၂၈)ရက်နေ့က အဖြေထွက်သည့်အတွက်  ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်သို့ ပြောင်းရွှေ့ကုသထားကြောင်း သိရသည်။
"အလက(၃)မှာ Quarantine ဝင်ထားစေတဲ့သူက ရွှေလီကနေပြန်လာတာ၊ မူဆယ်မှာ Quarantine (၂)ရက်ဝင်ထားပြီးသား၊ ကျောက်မဲမှာ ပထမ တစ်ခါစစ်တော့ ပိုးမတွေ့ဘူး (၁၁)ရက်မြောက်မှာ ထပ်စစ်မှ ပိုးတွေ့တာ၊ နောက်တစ်ယောက်ကတော့ ရန်ကုန်က ပြန်လာပြီး Hotel Quarantine ဝင်နေတဲ့သူပါ"ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မူဆယ်မှ တစ်ဆင့်ပြန်လာသူ အမျိုးသား နှင့် တစ်ခရီးတည်းလာသည့် contact များကို နိုဝင်ဘာ (၂၉)ရက်နေ့တွင်  လိုက်လံ စုံစမ်းမည်ဖြစ်ပြီး Quarantine ဝင်နေစဥ် ထမင်းပို့သူ ရှိသော်လည်း စနစ်တကျလုပ်ဆောင်ခဲ့သည့်အတွက် အခြားထိတွေ့မှု မရှိကြောင်း သိရသည်။
ရန်ကုန်မှ ပြန်လာသူ အမျိုးသမီးသည် ၎င်း၏ အဖေါ် (၃)ဦးနှင့် အတူတကွ Quarantine ဝင်နေသည့်အတွက် အခြားထိတွေ့မှု မရှိထားကြောင်း သိရသည်။
ကျောက်မဲမြို့တွင် Covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၃)ဦးရှိခဲ့ (၁၁)ဦးမှာ ဆေးရုံမှ ဆေးသွားကြပြီဖြစ်၍ လက်ရှိတွင် ကုသမှုခံယူနေသူ (၂)ဦးသာ ကျန်ရှိကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~