လားရႈိးၿမိဳ႕နယ္အတြင္း ေမြးျမဴေရး၀က္မ်ား ႏွင့္ ၀က္သားဆိုင္မ်ားတြင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါ ရွိ မရွိ ပူးေပါင္းအဖြဲ႔ျဖင့္ ရုတ္တရက္ ၀င္စစ္

လားရႈိးၿမိဳ႕နယ္အတြင္း ေမြးျမဴေရး၀က္မ်ား ႏွင့္ ၀က္သားဆိုင္မ်ားတြင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါ ရွိ မရွိ ပူးေပါင္းအဖြဲ႔ျဖင့္ ရုတ္တရက္ ၀င္စစ္
မတ် 21, 2019
By Tachileik News Agency

လားရႈိးၿမိဳ႕မေစ်းႀကီးအတြင္း ေရာင္းခ်ေနသည့္ ၀က္သားဆိုင္မ်ား ႏွင့္ ၿမိဳ႕နယ္အတြင္း ၀က္အမ်ားအျပား ေမြးျမဴထားသည့္ ေမြးျမဴေရးဇံုအား ၂၀၁၉ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ နံနက္ပိုင္းက ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ရုတ္တရက္ ၀င္ေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ၀က္မ်ားတြင္ ျဖစ္ပြားတတ္သည့္ အာဖရိကအျပင္းဖ်ားေရာဂါႏွင့္ အျခားေရာဂါ လကၡဏာမ်ား မေတြ႔ရွိရေၾကာင္း သိရသည္။

"အဓိက ကေတာ့ ဝက္နဲ႔ ဝက္သားကို စစ္ေဆးတာပါ၊ ခါတိုင္းပံုမွန္စစ္ေဆးေနတာလဲရွိတယ္၊ ဒီေန႔ကေတာ့ အဖြ႔ဲစံုနဲ႔စစ္ေဆးတာျဖစ္ပါတယ္၊ ဝက္သားအပါအဝင္ ၿမိဳ႕မေစ်းထဲမွာေရာင္းခ်ေနတဲ့ ၾကက္သား၊ အမဲသား စတာေတြမွာ ကူးစက္ေရာဂါျဖစ္ပြားတဲ့ လကၡဏာေတြ မေတြ႔ရွိရပါဘူး၊ အဓိကရည္ရြယ္ခ်က္ကေတာ့ ေဒသတြင္း က အမ်ားျပည္သူေတြ စိတ္ခ်ယံုၾကည္စြာ စားသံုးႏိုင္ဖို႔ လိုက္လံစစ္ေဆးတာျဖစ္ပါတယ္"ဟု ေမြးျမဴေရးႏွင့္ကုသေရး ဦးစီးဌာန လားရိႈးၿမိဳ႕နယ္ဦးစီးမွဴးရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕မေစ်းႀကီးအတြင္းေရာင္းခ်ေနသည့္ ဝက္သား အေရာင္း ဆိုင္မ်ား အပါအဝင္၊ ၾကက္သား၊ အမဲသား၊ ေရာင္းခ်သည့္ဆိုင္မ်ားအား ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန (လားရိႈးၿမိဳ႕နယ္)၊စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး) လားရႈိးၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က နံနက္အေစာပိုင္းက ဝင္ေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍ လားရိႈးၿမိဳ႕နယ္ ေခးနင္းေက်းရြာအုပ္စု ေခးနင္းေက်းရြာအနီးရွိ ေမြးျမဴေရးဇံု အမွတ္ ( ၂ )တြင္ ဝက္ေကာင္ေရ (၁,၇၀၀)ခန္႔ ေမြးျမဴထားေသာ ဝက္ေမြးျမဴေရးလုပ္ငန္း တည္ရွိရာေနရာအား အဆိုပါ စစ္ေဆးေရးအဖြဲ႔က သြားေရာက္ စစ္ေဆးရာတြင္ ေဒသတြင္းမွထြက္ရွိသည့္ ဝက္သားေပါက္မ်ားကိုသာ ေမြးျမဴထားသည္ကို ေတြ႔ရ ၿပီး ကူးစက္ေရာဂါကာကြယ္ေရးအတြက္ ေမြးျမဴေရးလုုပ္ငန္းတစ္ခုတြင္ ပါဝင္ရမည့္ ပိုးသတ္ျခင္းလုပ္ငန္းမ်ား ကိုလည္း ထည့္သြင္းအသုံးျပဳထားသည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

လက္တေလာတြင္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဝက္ေမြးျမဴေရးအႀကီးအက်ယ္လုပ္ကိုင္သည့္ ေမြးျမဴေရးဇံုႏွင့္ ေစ်းအတြင္းေရာင္းခ်ေနသည့္ ဝက္သားမ်ား၌ အာဖရိကအျပင္းဖ်ားေရာဂါ( ဝက္ ) ႏွင့္ပတ္သက္ေသာ ေရာဂါ လကၡဏာမ်ားမေတြ႔ရွိရသည့္ အတြက္ ပံုမွန္အတိုင္း ေရာင္းခ်ျခင္း စားသံုးျခင္းမ်ား ျပဳလုပ္ႏိုင္ေၾကာင္း ေမြးျမဴေရး ႏွင့္ ကုသေရးဦးစီးဌာန (လားရႈိး) မွ သိရသည္။

၀က္မ်ားတြင္ ျဖစ္ပြားတတ္သည့္ အာဖရိကအျပင္းဖ်ားေရာဂါ ႏွင့္ ပတ္သက္၍ ၀က္ေမြးျမဴေရးၿခံမ်ား၏ ဇီ၀လံုၿခဳမႈကို အထူးဂရုျပဳေဆာင္ရြက္ရန္၊အပူျပင္းျပင္း ျဖင့္ ခ်က္ျပဳတ္ထားျခင္းမရွိေသာ အစားအေသာက္မ်ား  အိမ္ေမြး၀က္မ်ားကို  ေကြ်းေမြးျခင္းမျပဳလုပ္ရန္၊ ေတာ၀က္ ႏွင့္ အိမ္ေမြး၀က္မ်ား ပံုမွန္အတိုင္းမဟုတ္ဘဲ ရုတ္တရက္ ေသဆံုးပါက နီးစပ္ရာအုပ္ခ်ဳပ္ေရးအဖြဲ႔၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနသို႔ ခ်က္ျခင္း သတင္းပို႔ရန္ ႏွင့္ ျပည္ပမွ တရားမ၀င္ တင္သြင္းလာသည့္ ၀က္အရွင္ ႏွင့္ ၀က္ထြက္ပစၥည္းမ်ားျဖစ္သည့္ ၀က္သား၊ ေအးခဲ၀က္သား၊ ၀က္ေပါက္ေျခာက္၊ ၀က္အူေခ်ာင္းႏွင့္ အျခား၀က္ထြက္ပစၥည္းမ်ားကို ေရာင္းခ်ျခင္း၊ စားသံုးျခင္း မျပဳလုပ္ရန္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက သတိေပးႏႈိးေဆာ္ထားရွိသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လားရှိုးမြို့မဈေးကြီးအတွင်း ရောင်းချနေသည့် ဝက်သားဆိုင်များ နှင့် မြို့နယ်အတွင်း ဝက်အများအပြား မွေးမြူထားသည့် မွေးမြူရေးဇုံအား ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားရောဂါနှင့် အခြားရောဂါ လက္ခဏာများ မတွေ့ရှိရကြောင်း သိရသည်။

"အဓိက ကတော့ ဝက်နဲ့ ဝက်သားကို စစ်ဆေးတာပါ၊ ခါတိုင်းပုံမှန်စစ်ဆေးနေတာလဲရှိတယ်၊ ဒီနေ့ကတော့ အဖွဲ့စုံနဲ့စစ်ဆေးတာဖြစ်ပါတယ်၊ ဝက်သားအပါအဝင် မြို့မဈေးထဲမှာရောင်းချနေတဲ့ ကြက်သား၊ အမဲသား စတာတွေမှာ ကူးစက်ရောဂါဖြစ်ပွားတဲ့ လက္ခဏာတွေ မတွေ့ရှိရပါဘူး၊ အဓိကရည်ရွယ်ချက်ကတော့ ဒေသတွင်း က အများပြည်သူတွေ စိတ်ချယုံကြည်စွာ စားသုံးနိုင်ဖို့ လိုက်လံစစ်ဆေးတာဖြစ်ပါတယ်"ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့မဈေးကြီးအတွင်းရောင်းချနေသည့် ဝက်သား အရောင်း ဆိုင်များ အပါအဝင်၊ ကြက်သား၊ အမဲသား၊ ရောင်းချသည့်ဆိုင်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (လားရှိုးမြို့နယ်)၊စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က နံနက်အစောပိုင်းက ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျေးရွာအနီးရှိ မွေးမြူရေးဇုံ အမှတ် ( ၂ )တွင် ဝက်ကောင်ရေ (၁,၇၀၀)ခန့် မွေးမြူထားသော ဝက်မွေးမြူရေးလုပ်ငန်း တည်ရှိရာနေရာအား အဆိုပါ စစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးရာတွင် ဒေသတွင်းမှထွက်ရှိသည့် ဝက်သားပေါက်များကိုသာ မွေးမြူထားသည်ကို တွေ့ရ ပြီး ကူးစက်ရောဂါကာကွယ်ရေးအတွက် မွေးမြူရေးလုပ်ငန်းတစ်ခုတွင် ပါဝင်ရမည့် ပိုးသတ်ခြင်းလုပ်ငန်းများ ကိုလည်း ထည့်သွင်းအသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

လက်တလောတွင် လားရှိုးမြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးအကြီးအကျယ်လုပ်ကိုင်သည့် မွေးမြူရေးဇုံနှင့် ဈေးအတွင်းရောင်းချနေသည့် ဝက်သားများ၌ အာဖရိကအပြင်းဖျားရောဂါ( ဝက် ) နှင့်ပတ်သက်သော ရောဂါ လက္ခဏာများမတွေ့ရှိရသည့် အတွက် ပုံမှန်အတိုင်း ရောင်းချခြင်း စားသုံးခြင်းများ ပြုလုပ်နိုင်ကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန (လားရှိုး) မှ သိရသည်။

ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားရောဂါ နှင့် ပတ်သက်၍ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊အပူပြင်းပြင်း ဖြင့် ချက်ပြုတ်ထားခြင်းမရှိသော အစားအသောက်များ အိမ်မွေးဝက်များကို ကျွေးမွေးခြင်းမပြုလုပ်ရန်၊ တောဝက် နှင့် အိမ်မွေးဝက်များ ပုံမှန်အတိုင်းမဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ချက်ခြင်း သတင်းပို့ရန် နှင့် ပြည်ပမှ တရားမဝင် တင်သွင်းလာသည့် ဝက်အရှင် နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါက်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများကို ရောင်းချခြင်း၊ စားသုံးခြင်း မပြုလုပ်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သတိပေးနှိုးဆော်ထားရှိသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net