ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၇၀)ဦးကို တံတား(၂)တွင် တခါတည်း RDT ဖြင့် စစ်ဆေးရာ အားလုံး Negative အဖြေထွက်

ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၇၀)ဦးကို တံတား(၂)တွင် တခါတည်း RDT ဖြင့် စစ်ဆေးရာ အားလုံး Negative အဖြေထွက်
ဒီဇင်ဘာ 24, 2020 | Covid-19| ရှမ်းရှေ့
ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၇၀) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှနေ၍ တာချီလိတ်ဘက်လက်ခံပေးပြီး တခါတည်း Covid-19 စစ်ဆေးပေး အားလုံး Negative အဖြေထွက်ကြောင်း သိရသည်။ 
 
“ပြန်ဝင်လာတဲ့သူတွေကို Test Kit နဲ့စစ်တော့ အားလုံး Negative ပဲ။ တာချီလိတ်မြို့က (၈) ဦးကို ရန်အောင်မြေမှာ Quarantine ထားတယ်။ ကျန်တဲ့မြို့နယ်က သူတွေကိုတော့ ကား (၄) စီးနဲ့ နေရပ်တွေ ပြန်ပို့ပေးတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
 
နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၃၆) ဦးနှင့် အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၇၀) ဦးကို တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ခြင်းများပြုလုပ်၍ မယ်ဆိုင်ဘက်တာဝန်ရှိသူများထံမှ လွှဲပြောင်းလက်ခံကြသည်။
 
RDT ဖြင့် စစ်ဆေးပေးရန် ပြင်ဆင်နေစဉ်
 
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းအတိုင်း နေရပ်ပြန်လိုပါက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ဖြစ်စေ၊ ချင်းမိုင်ကောင်စစ်ဝန်းရုံးသို့ဖြစ်စေ၊ မြန်မာအလုပ်သမားသံအရာရှိရုံးမှ မြန်မာအလုပ်သမားသံအရာရှိ  ဦးကျော်သူမိုး ဖုန်း 099-059-2352 သို့ဖြစ်စေ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
RDT ဖြင့် စစ်ဆေးရန် ဓါတ်ခွဲနမူနာယူစဉ်
 
သံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် အလုပ်သမားသံအရာရှိရုံးထံ  ဆက်သွယ်ရန်အခက်အခဲရှိပါက  မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးသန်းထွန်းအောင် ဖုန်း 09 00532430 နှင့် မယ်ဆိုင်မှ လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်း ဖုန်း 087-726-5404 တို့ကိုလည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 
 

 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
 
 
 
 

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။