တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် Covid-19 အတည်ပြုလူနာ (၆)ဦးအထိ ရှိလာ၍ ကျေးရွာအုပ်စုတစ်ခုလုံး Lockdown သတ်မှတ်

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် Covid-19 အတည်ပြုလူနာ (၆)ဦးအထိ ရှိလာ၍ ကျေးရွာအုပ်စုတစ်ခုလုံး Lockdown သတ်မှတ်
နိုဝင်ဘာ 30, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် Covid-19 အတည်ပြုလူနာ (၆)ဦးအထိ ရှိလာ၍ ကျေးရွာအုပ်စုတစ်ခုလုံး Lockdown သတ်မှတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် နိုဝင်ဘာလ(၂၉)ရက်နေ့က Covid-19 အတည်ပြုလူနာ (၆)ဦးအထိ ထွက်ပေါ်ခဲ့သည့်အတွက် ကျေးရွာအုပ်စုအတွင်း တစ်ရွာနှင့်တစ်ရွာ သွားလာမှုမရှိစေရန် နိုဝင်ဘာလ (၂၉)ရက်နေ့ ညနေပိုင်းက စ၍ Lockdown သတ်မှတ်ထားလိုက်သည်။
"ရွာထဲက အတည်ပြုလူနာ (၆)ယောက် တွေ့လာတဲ့အခါကြတော့ အုပ်စုကလည်း တစ်ယောက်နဲ့တစ်ယောက်လည်း အမျိုးတွေဖြစ်နေကြတယ်။ နောက်ပြီး မိုင်းဖုန်းကထဲက နာရေးတစ်ခုမှာလည်း ခဏ တဖြုတ်စီ စုံကြတဲ့ အနေအထားမျိုးတွေလည်းရှိတော့ ရွာသားတွေလည်း စိုးရိမ်လာတယ်။ ကျွန်တော်က ရွာသားတွေကို ကိုယ့်ရွာကိုယ် သီးခြားစီ သပ်သပ်ရပ်ရပ်နေကြဖို့ ပြောလိုက်တဲ့အခါမှာ သူတို့က ရွာတွေကို ခဏတဖြုတ်ပိတ်ကြမယ်ဆိုပြီးဖြစ်လာတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြတော့လည်း ခွင့်ပြုတယ်ဆိုတာနဲ့ သူတို့ကို ခွင့်ပြုလိုက်တာ။"ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ စာရေးဖြစ်သူ ဦးရဲမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖုန်း(က)ကျေးရွာအုပ်စုအား lockdown သတ်မှတ်ထားပြီး ကျေးရွာအတွင်းမှ လမ်းသွယ်များကို ပိတ်ထားခြင်းဖြစ်သော်လည်း ဝမ်ပုံသို့ သွားမည်သူများအနေဖြင့် လမ်းမကြီးအတိုင်း သွားရောက်နိုင်ကြောင်း သိရသည်။
"ရွာထဲကတော့ တခြားရွာက လူတွေ တစ်ရွာနဲ့တစ်ရွာ လောလောဆယ်မှာ မကူးလူး မဆက်ဆံတော့ဘူးပေါ့။ အနည်းဆုံး နှစ်ပတ်လောက်ပါ။ နောက်တစ်ခုက ဧည့်သည်လုံးဝ လက်မခံကြတော့ဘူး။ လမ်းမကြီးကတော့ သွားလို့ရပါတယ် ဝမ်ပုံအထိကတော့ အေးဆေးပါပဲ။"ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ စာရေးဖြစ်သူ ဦးရဲမြင့်ဦးက   ပြောသည်။
မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ အတည်ပြုလူနာ (၆)ဦးတွင် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၂)ဦး ဖြစ်ပြီး အဆိုပါ (၆)ဦးအနက် အချို့မှာ 1G1 ဟိုတယ်၏ KTV သို့ နိုဝင်ဘာလ(၂၄)ရက်နေ့က သွားရောက်ခဲ့ကြသူများဖြစ်ပြီး ကျန်လူများမှ ၎င်းတို့မှ တဆင့် ထိတွေ့သူများဖြစ်၍ (၆)ဦးအထိ တွေ့လာရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ KTV ကိုလည်း နိုဝင်ဘာလ(၂၉)ရက်နေ့က သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်လက်ရှိနိုင် 1G1 ဟိုတယ်၏ KTVမှ တဆင့် ထိတွေ့ အတည်ပြုလူနာ စုစုပေါင်း (၁၉)ဦးအထိ ရှိနေပြီး (၁၉)ဦးထဲက ပထမလူနာမှာ အနံ့ပြန်ရနေပြီး (၁၉)ဦးစလုံး  ကျန်းမာရေးကောင်းမွန်နေလျက်ရှိကြောင်းနှင့် အဆိုပါ အတည်ပြုလူနာ (၁၉) ဦးမှာ ပုန်းထွန်ရပ်ကွက်မှ (၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ(၇) ဦး၊ မယ်ခေါင်ရပ်ကွက်မှ (၁) ဦး၊ ဝိန်းကျောက်ရပ်ကွက်မှ (၁) ဦး၊ ပါဆတ်ရပ်ကွက်မှ (၃) ဦးနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုမှ (၆) ဦးတို့ ပါဝင်သည်။

တကယ်တမ်းတွင် တာချီလိတ်ဆေးရုံ၌ အခြားဒေသမှ လာရောက်၍ ပိုးတွေ့ရသည့် အတည်ပြုလူနာ (၃)ဦး နှင့် တာချီလိတ်မြို့တွင်းမှ (၁၉)ဦးအပါဆိုလျှင် စုစုပေါင်း (၂၂)ဦးရှိနေသည်။
Tachileik News Agency
ဓါတ်ပုံ - မိုင်းဖုန်း(က)ကျေးရွာစုအုပ်ချုပ်ရေးမှူးရုံး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~