တာချီလိတ်မြို့တွင် (၂)ရက်အတွင်း Fever Clinic သို့ အတည်ပြုလူနာနှင့်ထိတွေ့ သံသယရှိသူ (၁၆၁)ဦး လာရောက် အစစ်ဆေးခံရာ (၁၂)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် (၂)ရက်အတွင်း Fever Clinic သို့ အတည်ပြုလူနာနှင့်ထိတွေ့ သံသယရှိသူ (၁၆၁)ဦး လာရောက် အစစ်ဆေးခံရာ (၁၂)ဦးတွင် Covid-19 ပိုးတွေ့
နိုဝင်ဘာ 29, 2020
By Tachileik News Agency
 
တာချီလိတ်မြို့တွင် (၂)ရက်အတွင်း  Fever Clinic သို့ အတည်ပြုလူနာနှင့်ထိတွေ့ သံသယရှိသူ (၁၆၁)ဦး လာရောက် အစစ်ဆေးခံရာ  (၁၂)ဦးတွင် Covid-19 ပိုးတွေ့ 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည်ဟု သံသယရှိသူများ လာရောက်စစ်ဆေးမှုခံယူနိုင်ရန် contact tracing corner ဖွင့်လှစ်သည့် (၂) ရက်တာအတွင်း လာရောက်စစ်ဆေးမှုခံယူသူ (၁၆၁)ဦးအနက် အတည်ပြုလူနာ (၁၂) ဦး တွေ့ရှိထားသည်။
တာချီလိတ်ခရိုင်ဆေးရုံဟောင်းတွင် ဖွင့်လှစ်ထားသည့် fever clinic ကို contact tracing corner အဖြစ် နိုဝင်ဘာလ (၂၈) ရက်နေ့မှစ၍ ဖွင့်လှစ်လိုက်ရာ ယင်းနေ့မှာပင် လာရောက် အစစ်ဆေးခံသူ (၆၂) ဦးအနက် အတည်ပြုလူနာ အမျိုးသား ( ၂ )ဦးနှင့် အမျိုးသမီး ( ၁ )ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
"အခုလို ကိုယ့်အသိစိတ်နဲ့ကိုယ် လာစစ်ကြတာ တကယ်ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ စစ်လိုက်တော့ ပိုးတွေ့ရင် ကုသမှု ခံယူ။ မတွေ့တော့ စိတ်အေးရတာပေါ့။ 1G1 ဟိုတယ်ကို ဒီလထဲ သွားခဲ့သူတိုင်း သွားစစ်သင့်ပါတယ်၊ အိမ်ကို အမျိုးသားကိုလည်း သွားထားတာရှိရင် သွားစစ်ဆိုပြီးတော့လည်း ပြောထားတယ်"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် လာရောက်အစစ်ဆေးခံသူ (၉၉)ဦးအနက် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂)ဦးတို့တွင် COVID 19 ပိုးတွေ့ရသည့်အပြင် မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုအတွင်း ရန်ကုန်မှပြန်လာသည့် ယာဉ်မောင်း (၁)ဦးတွင် positive တွေ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့ 1G1 ဟိုတယ်ရှိ KTV သို့ နိုဝင်ဘာလအတွင်း သွားရောက်ခဲ့သူများအနေဖြင့် တာချီလိတ်မြို့ အထက(တာချီလိတ်) နှင့် ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆေးရုံဟောင်းအတွင်း Fever Clinic တွင် နေ့စဉ် နံနက်(၇)နာရီမှ နံနက်(၁၀)နာရီအထိ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် နိုဝင်ဘာလ (၂၉)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၂၂)ဦးရှိနေပြီဖြစ်သည်။
 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~