တာချီလိတ်မှာ လာရောက်တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ် အဓိက တရားခံကို ထိုင်းသို့ လွှဲပြောင်းအပ်နှံ

တာချီလိတ်မှာ လာရောက်တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ် အဓိက တရားခံကို ထိုင်းသို့ လွှဲပြောင်းအပ်နှံ
ဇွန် 15, 2019
By Tachileik News Agency


"ထိုင်းနိုင်ငံက အမှုပေါင်း(၈)ခုနဲ့အလိုရှိနေတဲ့ ထိုင်းမူးယစ် အဓိက တရားခံပြေးကို တာချီလိတ်မှာ ဖမ်းဆီးရမိပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှု၊ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ ထိုင်းဘတ်ငွေကိုင်ဆောင်မှုတို့ဖြင့် တာချီလိတ်မှာ အရေးယူပြီးတဲ့အခါမှာ သတ်မှတ်ပြစ်ဒဏ်စေ့သွားလို့  ထိုင်းနိုင်ငံကလည်း အမှု(၈)မှုနဲ့ ပတ်သက်ပြီး ဆက်လက်အရေးယူနိုင်ရန်အတွက် ထိုင်းနိုင်ငံ  လ၀က ရဲချုပ်ထံ  တာချီလိတ်ရှိ မြန်မာထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှာ မြန်မာဘက်က တာဝန်ရှိသူများက လွှဲပြောင်းပေးလိုက်ပါတယ်။..."

တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်