KNPP ၏ ၿငိမ္းခ်မ္းေရးေတြ႔ဆံုေဆြးေႏြးေရးေကာ္မတီ ႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မ႐ွင္တုိ႔ ေဆြးေႏြးမည္

KNPP ၏ ၿငိမ္းခ်မ္းေရးေတြ႔ဆံုေဆြးေႏြးေရးေကာ္မတီ ႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မ႐ွင္တုိ႔ ေဆြးေႏြးမည္
ဧပြီ 25, 2018
By Tachileik News Agency

KNPP ၏ ၿငိမ္းခ်မ္းေရး ေတြ႔ဆံုေဆြးေႏြးေရးေကာ္မတီ (PNC)ႏွင့္ အစိုးရ NRPC ၏ ၿငိမ္းခ်မ္းေရးေကာ္မ႐ွင္ (PC) တုိ႔ ႏွစ္ဖက္တရားဝင္ေဆြးေႏြးပြဲအား ဧၿပီလ (၂၆) ရက္ေန႔မွ (၂၇) ရက္ေန႔ထိ လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ KNPP ႏွင့္ အစိုးရတို႔အၾကား  ျပည္နယ္အဆင့္ႏွင့့္ ျပည္ေထာင္စုအဆင့္ ခ်ဳပ္ဆိုခဲ့ေသာ ႏွစ္ဖက္သေဘာတူညီခ်က္မ်ားအား ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ရန္အတြက္ ျပည္နယ္အဆင့္ ႏွင့္ ေဒသအဆင့္ပူးတြဲေစာင့္ၾကည့္ေရးကိစၥမ်ား၊ လူ႔အခြင့္ေရးဆိုင္ရာ ေစာင့္ၾကည့္ ေလ့လာေရး အဖြဲ႔ကိစၥမ်ား ၊ မူးယစ္ေဆးဝါး ၊ သစ္ေတာျပဳန္းတီးမႈႏွင့္ လူကုန္ကူးမႈကိစၥမ်ား ၊ လူမႈေရးကူညီ ေထာက္ပံ႔မႈ ကိစၥမ်ား၊ ျပည္နယ္တြင္း NGO ႏွင့္ INGO မ်ားလုပ္ငန္းေဆာင္ရြက္မႈကိစၥမ်ား ၊ ျပည္နယ္ႏွင့္ ျပည္ေထာင္စုအဆင့္မ်ားတြင္ ဆက္ဆံေရးတာဝန္ခံမ်ား ျပန္လည္ထား႐ွိေရးကိစၥရပ္မ်ားႏွင့္ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားအား ေတြ႔ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း KNPP က ထုတ္ျပန္ထားသည္။

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ - KNPP အေနျဖင့္ တစ္ႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး ေဖာ္ေဆာင္ႏိုင္မႈကို ေရွးရႈ၍ ျပည္နယ္အဆင့္ႏွင့္ ျပည္ေထာင္စုအဆင့္တို႔တြင္ ႏွစ္ဖက္ခ်ဳပ္ဆိုခဲ့ေသာ သေဘာ တူညီခ်က္မ်ားအား ဆက္လက္အေကာင္ထည္ေဖာ္ႏိုင္ရန္ ေဆြးေႏြးသြားမည္ျဖစ္ရာ ျပည္နယ္တြင္း႐ွိ ေဒသခံႏိုင္ငံေရးပါတီ မ်ားမွ ကိုယ္စားလွယ္မ်ား၊ အရပ္ဖက္ လူမႈအသင္းဖြဲ႔မ်ားမွ ကိုယ္စားလွယ္မ်ား ၊ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ NCA လက္မွတ္ေရးထိုးၿပီးေသာ ညီေနာင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔စည္းမ်ားမွ ကိုယ္စားလွယ္မ်ား အေနျဖင့္ ေလ့လာသူမ်ားအျဖစ္ တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

KNPP၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC)နှင့် အစိုးရ NRPC၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ နှစ်ဖက်တရားဝင်ဆွေးနွေးပွဲအား ဧပြီလ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့ထိ လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် KNPP နှင့် အစိုးရတို့အကြား ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ပြည်နယ်အဆင့် နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများ၊ လူမှုရေးကူညီ ထောက်ပံ့မှု ကိစ္စများ၊ ပြည်နယ်တွင်း NGO နှင့် INGO များလုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စရပ်များနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP က ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP အနဖြေင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဖော်ဆောင်နိုင်မှုကို ရှေးရှု၍ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်ချုပ်ဆိုခဲ့သော သဘော တူညီချက်များအား ဆက်လက်အကောင်ထည်ဖော်နိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ရာ ပြည်နယ်တွင်းရှိ ဒေသခံနိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအသင်းဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် NCA လက်မှတ်ရေးထိုးပြီးသော ညီနောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ အနဖြေင့် လေ့လာသူများအဖြစ် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~