Facilities Quarantine ဝင်ရန်ပျက်ကွက်သည့် ကျားဖေါင်လုပ်သားတစ်ဦးကို ကူးစက်နှိမ်ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် (၃)လချမှတ်

Facilities Quarantine ဝင်ရန်ပျက်ကွက်သည့် ကျားဖေါင်လုပ်သားတစ်ဦးကို ကူးစက်နှိမ်ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် (၃)လချမှတ်
ဧပြီ 30, 2020
By Tachileik News Agency
Facilities Quarantine ဝင်ရန် ပျက်ကွက်သည့် ကျားဖေါင်လုပ်သားတစ်ဦးကို ကူးစက် ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် (၃)လချမှတ်

COVID-19 ကူစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Facility Quarantine ဝင်ရန် လိုက်နာ ခြင်းမရှိသူအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ်(၃)လ ကျခံစေရန် ဧပြီလ(၃၀)ရက်နေ့တွင် နတ်မောက်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် ပင်လယ်ကျားဖောင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ပြီး နတ်မောက်မြို့နယ် ဝက် ချုပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသည့် အသက်(၄၅)နှစ်အရွယ်အမျိုးသားတစ်ဦးကို Facility Quarantine နေထိုင်ရန် ၂၀၂၀ ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ကျန်းမာရေးသားဖွားဆရာမနှင့်အဖွဲ့တို့က သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားက Facility Quarantine နေမည်ဟု ပြောဆိုကာ လမ်းမှပြန်လှည့်သွားပြီးနောက် နေအိမ်တွင် ပြန်လည်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါအမျိုးသားအား ကူးစက်မြန်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူပေးပါရန် နတ်မောက်မြို့နယ်တရားရုံးသို့ ဧပြီလ(၃၀)ရက်နေ့တွင် ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါတရားစွဲဆိုမှုအပေါ် နတ်မောက်မြို့နယ်တရားရုံးမှ ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ အရ ဧပြီလ(၃၀)ရက်နေ့တွင်ပင်  Facilities Quarantine မဝင်သည့်အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် (၃)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေတွင် ပုဒ်မ ၁၈ အရ သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အရာရှိက ထုတ်ပြန်သော တားမြစ် ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့်အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားရှိသည်။

Tachileik News Agency
သတင်း-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~