ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန် ကျောက်မဲလူငယ်ပရဟိတအဖွဲ့က အလှူခံပေးပြီး ပြန်လည်လှူဒါန်း

ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန် ကျောက်မဲလူငယ်ပရဟိတအဖွဲ့က အလှူခံပေးပြီး ပြန်လည်လှူဒါန်း
နိုဝင်ဘာ 3, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန်  ကျောက်မဲလူငယ်ပရဟိတအဖွဲ့က အလှူခံပေးပြီး ပြန်လည်လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန် အတွက်  ကျောက်မဲလူငယ်ပရဟိတအဖွဲ့က မြို့သူမြို့သားများထံအလှူခံ၍ တဆင့်ပြန်လည်လှူဒါန်းမှုများကို COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
"ဘုန်းကြီးကျောင်းတွေက ဆွမ်းခံမထွက်ရတော့တဲ့အတွက် ဆွမ်းကိစ္စ အခက်အခဲရှိနေတာတွေ သိရပါတယ်။ ဒါကြောင့် Facebook ကနေ အလှူခံတဲ့ post တွေတင်ပြီး မြို့သူမြို့သားတွေရယ်၊ ရပ်ဝေးက အလှူရှင်တွေဆီကနေ ဆန်၊ ဆီစတဲ့ ကုန်ပစ္စည်းတွေနဲ့ အလှူငွေတွေ ကောက်ခံပြီးတော့ ဘုန်းကြီးကျောင်းတွေဆီ မျှတအောင်စီမံပြီး တစ်ဆင့်ပြန်လှူပေးခြင်း ဖြစ်ပါတယ်" ဟု ကျောက်မဲလူငယ်ပရဟိတအဖွဲ့မှ မစုစုနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို့ အလှူပစ္စည်းများ လိုက်လံစုစည်းခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူးဒါန်းခြင်းများ လုပ်ဆောင်သည့် လူငယ်အဖွဲ့က COVID 19 ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးအတွက် နှာခေါင်းစည်း Mask များတပ်ဆင်ခြင်း၊ လက်အိတ်၊ လက်သန့်ဆေးရည်အသုံးပြုခြင်းများကို လုပ်ဆောင်ကြသည့်အပြင် သံဃာအရေအတွက်များပြားသည့် ဘုန်းကြီးကျောင်းများ၌ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအား ကျောင်းတိုက်များသို့ လျှောက်တင်ခြင်းကို အဖြူရောင်ကမ်းလက်များပရဟိတအဖွဲ့က ကူညီဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ လူငယ်အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့က လူငယ် (၆) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး COVID 19 ကာလအတွင်း ဆွမ်းခံမထွက်ရ၍ ခက်ခဲမှုရှိနေသော ကျောက်မဲရှိ ဘုန်းကြီးကျောင်းများအတွက် တစ်ဆင့်ခံ၍ လိုက်လံလှူဒါန်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့လှူဒါန်းပေးနေရာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၂၄) ကျောင်း၊ သက်ကြီး ဘိုး/ ဘွား များ၊ ခက်ခဲ မိသားစုများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု (၃၂) စုကို ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ အမျိုးမျိုး၊ အာလူး၊ ကြက်သွန် အစရှိသည့် ဟင်းချက်စရာများကို ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်တွင် သံဃာ့အဖွဲ့ အစည်းနှင့် ခရိုင်သာသနာရေး ဦးစီးဌာနတို့တွင် စာရင်းရှိထားသော ဘုန်းကြီးကျောင်း (၂၈) ကျောင်းရှိပြီး မြို့နှင့်နီးစပ်သော ကျေးရွာဘုန်းကြီးကျောင်း (၁၅) ကျောင်းဝန်းကျင်ရှိသည်ဟု ခရိုင်သာသနာရေးဦးစီးဌာနထံမှ သိရသည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~