အသစ္ေရးဆြဲထားသည့္ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာ စီမံခ်က္ ၂၀၁၉ တြင္ စတင္မည္

အသစ္ေရးဆြဲထားသည့္ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာ စီမံခ်က္ ၂၀၁၉ တြင္ စတင္မည္
သြဂုတ် 24, 2018
By Tachileik News Agency

အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာစီမံခ်က္ကို ၂၀၁၉ ခုႏွစ္မွ စတင္ကာ (၂)ႏွစ္စီမံခ်က္ျဖင့္ လုပ္ေဆာင္ သြားမည္ျဖစ္ၿပီး မူဝါဒသစ္အရ မူးယစ္ေဆးထိန္းခ်ဳပ္ေရး လုပ္ငန္းစီမံခ်က္တြင္ ေဒသအလိုက္ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ လူထု ပါဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္  ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၄) ရက္ေန႔၊ နံနက္ (၉) နာရီက ျပည္နယ္အဆင့္ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးမူဝါဒ ရွင္းလင္းပြဲက်င္းပရာ ျပည္နယ္အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ခရိုင္၊ၿမိဳ႕နယ္အဆင့္ သက္ဆိုင္ရာဌာနအသီးသီးမွ တာဝန္ရိွသူမ်ား၊ သက္ဆုိင္ရာ ရဲတပ္ဖြဲ႔ဝင္မ်ား စုစုေပါင္း လူဦးေရ (၁၅၀) ခန္႔ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

 “အမွန္တကယ္ ရည္ရြယ္ခ်က္ကေတာ့ ရွင္းလင္းပြဲ မဟုတ္ပါဘူး။ တာဝန္ေပးအပ္ပြဲပါ။ ဒီတာဝန္ေတြကို အခု ဒီမွာရွိေနတဲ့ ဌာနဆိုင္ရာအႀကီး အကဲေတြနဲ႔ ျပည္နယ္နဲ႔တိုင္းအသီးသီးမွာ ေနထိုင္ၾကတဲ့ျပည္သူေတြကို လုပ္ငန္းတာဝန္ ေပးအပ္တာျဖစ္ပါ တယ္။ တကယ့္လက္ေတြ႔ျဖစ္ပ်က္ေနတဲ့ အေျခအေနနဲ႔ကိုက္ညီတဲ့ စီမံခ်က္ေတြကို ေရးဆြဲၿပီးေတာ့ ကိုယ္ကိုတိုင္ တာဝန္ေတြကို ထမ္းေဆာင္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ဗဟိုက ခ်မွတ္ထားတဲ့ မူဝါဒအသစ္ဟာ ဘယ္လိုစီမံေဆာင္ရြက္ထားတယ္ ဆိုတာေတြကို ခ်ျပမွာျဖစ္ပါတယ္”ဟု မူးယစ္ေဆးဝါးတားဆီး ႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၊ ႏိုင္ငံတကာဆက္ဆံေရးဌာနမွ ဌာနမွဴး ညႊန္ၾကားေရးမွဴး ရဲမွဴးႀကီး သန္႔လြင္ေမာင္က ေျပာသည္။

မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအတြက္ ကာကြယ္တားဆီးေရး၊ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရး၊ ထုတ္လုပ္မႈ ေလွ်ာ့ခ်ႏိုင္ေရး၊ အစားထိုးဖြံ႔ၿဖိဳးေရးက႑မ်ားအလိုက္ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးမူဝါဒကို အတည္ျပဳခဲ့ၿပီးျဖစ္သည့္အတြက္ ၎မူဝါဒကိုအေျခခံသည့္ လုပ္ငန္းစီမံခ်က္တစ္ခုေပၚထြန္းလာေစရန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအသီးသီးတြင္ တာဝန္ရွိေၾကာင္း လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ေျပာသည္။

အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး မူဝါဒသစ္အရ ျပည္သူ႔က်န္းမာေရးကို ဦးစားေပးသည့္ ခ်ဥ္းကပ္မႈမ်ားႏွင့္ ဖြံ႔ၿဖိဳးေရးကို ဦးစားေပးေသာ ခ်ဥ္းကပ္မႈမ်ားကို အေလးေပးေရးဆြဲထားျခင္းျဖစ္ၿပီး ထုတ္လုပ္မႈေလ်ွာ့ခ်ေရးႏွင့္ အစားထိုးဖြံ႔ၿဖိဳးမႈက႑၊ သံုးစြဲမႈမ်ားေလ်ွာ့ခ်ေရးႏွင့္ ေနာက္ဆက္တြဲ အႏၱရာယ္ေလ်ွာ့ခ်ေရးက႑၊ ႏိုင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးႏွင့္ သုေတသန လုပ္ငန္းမ်ား တိုးျမႇင့္ေရးႏွင့္ လူ႔အခြင့္အေရးျပဌာန္းခ်က္ႏွင့္ အညီ ျဖစ္ေစေရးတို႔ ပါဝင္ေၾကာင္း သိရသည္။

အဆိုပါ မူဝါဒသစ္ထြက္ေပၚလာေရးအတြက္၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွစတင္၍ မူဝါဒသစ္ ေရးဆြဲ ေရးဆိုင္ရာ ေဆြးေႏြးပြဲ၊ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မူဝါဒသစ္ေရးဆြဲေရး လမ္းျပေျမပုံ ရွင္းလင္းပြဲ၊ လုပ္ငန္းအဖြဲ႕မ်ား ေဆြးေႏြးပြဲ၊ ကၽြမ္းက်င္ပညာရွင္မ်ားမွ ျပန္လည္သုံးသပ္ေဆြးေႏြးပြဲမ်ား အသီးသီးက်င္းပခဲ့ၿပီး ေဆြးေႏြးပြဲမ်ားတြင္ အစိုးရဌာနမွ ကိုယ္စားလွယ္မ်ား၊ လႊတ္ေတာ္အသီးသီးမွ ကိုယ္စားလွယ္မ်ား၊ ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ လူမႈအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ၿပီး ပါဝင္ေဆြးေႏြးအႀကံျပဳၾကကာ မူဝါဒမူၾကမ္းအားေရးဆြဲခဲ့ျခင္းျဖစ္ၿပီး မူဝါဒမူၾကမ္းအေပၚ မူဝါဒသစ္ ေရးဆြဲေရးဦးစီး ေကာ္မတီအစည္းအေဝး၊ ဒုတိယအႀကိမ္ အစိုးရဌာနမ်ားအတြင္း မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မူဝါဒေရးဆြဲေရးဆိုင္ရာ ေဆြးေႏြးပြဲတြင္ ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ၂၀၁၇ခုႏွစ္၊ ႏိုဝင္ဘာလ (၂၃) ရက္ေန႔တြင္ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးမူဝါဒ အတည္ျပဳေရးဆိုင္ရာ ေဆြးေႏြးပြဲတြင္ အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသား မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မူဝါဒမူၾကမ္းကို မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီး ကာကြယ္ေရး ဗဟိုအဖြဲ႕၏ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇) ရက္ေန႔တြင္ က်င္းပေသာ အမွတ္စဥ္ (၁/ ၂၀၁၇) အစည္းအေဝး၌ ဆက္လက္ အတည္ျပဳခဲ့ကာ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔တြင္ အမ်ိဳးသားမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးမူဝါဒသစ္ကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၉ ခုနှစ်မှ စတင်ကာ (၂)နှစ်စီမံချက်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး မူဝါဒသစ်အရ မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ငန်းစီမံချက်တွင် ဒေသအလိုက် သက်ဆိုင်ရာ ဌာနများနှင့် လူထု ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၉) နာရီက ပြည်နယ်အဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၁၅၀) ခန့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 “အမှန်တကယ် ရည်ရွယ်ချက်ကတော့ ရှင်းလင်းပွဲ မဟုတ်ပါဘူး။ တာဝန်ပေးအပ်ပွဲပါ။ ဒီတာဝန်တွေကို အခု ဒီမှာရှိနေတဲ့ ဌာနဆိုင်ရာအကြီး အကဲတွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ နေထိုင်ကြတဲ့ပြည်သူတွေကို လုပ်ငန်းတာဝန် ပေးအပ်တာဖြစ်ပါ တယ်။ တကယ့်လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ စီမံချက်တွေကို ရေးဆွဲပြီးတော့ ကိုယ်ကိုတိုင် တာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗဟိုက ချမှတ်ထားတဲ့ မူဝါဒအသစ်ဟာ ဘယ်လိုစီမံဆောင်ရွက်ထားတယ် ဆိုတာတွေကို ချပြမှာဖြစ်ပါတယ်”ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနမှူး ညွှန်ကြားရေးမှူး ရဲမှူးကြီး သန့်လွင်မောင်က ပြောသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကာကွယ်တားဆီးရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး၊ ထုတ်လုပ်မှု လျှော့ချနိုင်ရေး၊ အစားထိုးဖွံ့ဖြိုးရေးကဏ္ဍများအလိုက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက်၎င်းမူဝါဒကိုအခြေခံသည့် လုပ်ငန်းစီမံချက်တစ်ခုပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအသီးသီးတွင် တာဝန်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အရ ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသည့် ချဉ်းကပ်မှုများနှင့် ဖွံ့ဖြိုးရေးကို ဦးစားပေးသော ချဉ်းကပ်မှုများကို အလေးပေးရေးဆွဲထားခြင်းဖြစ်ပြီး ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးမှုကဏ္ဍ၊ သုံးစွဲမှုများလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေးကဏ္ဍ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် သုတေသန လုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဌာန်းချက်နှင့် အညီ ဖြစ်စေရေးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ မူဝါဒသစ်ထွက်ပေါ်လာရေးအတွက်၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ မူဝါဒသစ် ရေးဆွဲ ရေးဆိုင်ရာ ဆွေးနွေးပွဲ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲရေး လမ်းပြမြေပုံ ရှင်းလင်းပွဲ၊ လုပ်ငန်းအဖွဲ့များ ဆွေးနွေးပွဲ၊ ကျွမ်းကျင်ပညာရှင်များမှ ပြန်လည်သုံးသပ်ဆွေးနွေးပွဲများ အသီးသီးကျင်းပခဲ့ပြီး ဆွေးနွေးပွဲများတွင် အစိုးရဌာနမှ ကိုယ်စားလှယ်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ပါဝင်ဆွေးနွေးအကြံပြုကြကာ မူဝါဒမူကြမ်းအားရေးဆွဲခဲ့ခြင်းဖြစ်ပြီး မူဝါဒမူကြမ်းအပေါ် မူဝါဒသစ် ရေးဆွဲရေးဦးစီး ကော်မတီအစည်းအဝေး၊ ဒုတိယအကြိမ် အစိုးရဌာနများအတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ အတည်ပြုရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒမူကြမ်းကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပသော အမှတ်စဉ် (၁/ ၂၀၁၇) အစည်းအဝေး၌ ဆက်လက် အတည်ပြုခဲ့ကာ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~