ကျောက်မဲမြို့ပေါ် မဲရုံအချို့ရှိ လျှို့ဝှက်ဆန္ဒပြုခန်းနေရာတွင် အလင်းရောင်အားနည်းနေ၍ လျှပ်စစ်မီးပေးထားရန် စီစဉ်ထား

ကျောက်မဲမြို့ပေါ် မဲရုံအချို့ရှိ လျှို့ဝှက်ဆန္ဒပြုခန်းနေရာတွင် အလင်းရောင်အားနည်းနေ၍ လျှပ်စစ်မီးပေးထားရန် စီစဉ်ထား
နိုဝင်ဘာ 7, 2020
By Tachileik News Agency
ကျောက်မဲမြို့ပေါ် မဲရုံအချို့ရှိ လျှို့ဝှက်ဆန္ဒပြုခန်းနေရာတွင် အလင်းရောင်အားနည်းနေ၍ လျှပ်စစ်မီးပေးထားရန် စီစဉ်ထား
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ပေါ်ရှိ မဲရုံ (၉၉)ရုံရှိသည့်အနက် အလင်းရောင် လုံလောက်စွာမရသည့် မဲရုံများကို လျှပ်စစ်မီးပေးထားမည်ဖြစ်ပြီး အချို့ကို ပြတင်းတံခါးများဖွင့်ထားကာ လုံခြုံရေးစောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။
“နေရာကတော့ ရှိနေတဲ့အတိုင်း အဆင်ပြေအောင်စီစဉ် ပေးထားပါတယ်။ မဲရုံထဲက မဲပေးတဲ့နေရာမှာ အလင်းရောင် မလုံလောက်တဲ့ အခြေအနေတွေကိုတော့ လျှပ်စစ်မီးထွန်းပေးမယ်ပေါ့။ လျှပ်စစ်မီးထွန်းပေးတာ တောင်မှ အဆင်မပြေဘူး။ မမြင်ရဘူးဆိုရင် အဲဒိနေရာတွေက ပြတင်းတံခါးတွေကို ဖွင့်ထားပေးမယ်။ အဲဒီ ဖွင့်ထားတဲ့နေရာတွေကနေ ဝင်တာထွက်တာတွေ မရှိစေဖို့ကတော့ မဲရုံအစောင့်ကျတဲ့သူတွေကပဲ တာဝန်ယူရမယ်” ဟု ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးထွန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်ကြီး (၉) ခုရှိ မဲရုံများအနက် အချို့မဲရုံများမှာ နေရာကျဉ်းမြောင်းခြင်းနှင့် လျှို့ဝှက်ဆန္ဒပြုခန်းနေရာတွင် အလင်းရောင်ကောင်းစွာမရခြင်းများ ရှိနေခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် မဲရုံ (၉၉)ရုံ၌ ဆန္ဒမဲပေးခွင့်ရှိသူ (၁၁၀၀၀)ကျော်က ဆန္ဒမဲပေးကြမည်ဖြစ်ပြီး ခရိုင်တစ်ခုလုံးတွင် မဲရုံပေါင်း (၃၃၉)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~