ကျောက်မဲမြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် Facebook ပေါ်မှ ကျပ်(၂၀,၀၀၀) ကိစ္စ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်လူထုကို ခေါ်ယူရှင်းပြ

ကျောက်မဲမြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် Facebook ပေါ်မှ ကျပ်(၂၀,၀၀၀) ကိစ္စ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်လူထုကို ခေါ်ယူရှင်းပြ
နိုဝင်ဘာ 23, 2020
By Tachileik News Agency
ကျောက်မဲမြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် Facebook ပေါ်မှ ကျပ်(၂၀,၀၀၀) ကိစ္စ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်လူထုကို ခေါ်ယူရှင်းပြ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် Covid-19 ကာလ အခြေခံ အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ကြေးငွေ ပေးဆောင်ခြင်းတွင် နယ်မြေမှူး၏  ဆွေမျိုးအချို့ ပါဝင်နေကြောင်း လူမှုကွန်ယက်တွင် တင်ထားခြင်း နှင့် ပတ်သက်၍ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်နေလူထုနှင့် တွေ့ဆုံကာ ရှင်းပြခဲ့ကြောင်း သိရသည်။ 
Covid-19 ကာလ အခြေခံ အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ကြေးငွေ ကျပ်(၂၀,၀၀၀)အား အမှတ် (၁)ရပ်ကွက်၊ နယ်မြေ (၃)၌ ခွဲဝေပေးဆောင်ရာတွင် နယ်မြေမှူး၏ ဆွေမျိုးအချို့ ပါဝင်နေ၍ မမျှတကြောင်း facebook အသုံးပြုသူ တစ်ဦးမှ တင်ခဲ့ခြင်း နှင့် ပတ်သက်၍ အမှတ် ( ၁ )ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် နယ်မြေမှူးတို့က နယ်မြေ (၃)ရှိ ပြည်သူများအား ခေါ်ယူ တွေ့ဆုံ ရှင်းလင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထောက်ပံ့ကြေးငွေ ပေးဆောင်ရာတွင် မျှတစွာရရှိရန် စီစဥ်ရသည့်အတွက် ပထမ အကြိမ်၊ ဒုတိယ အကြိမ်၊ တတိယ အကြိမ်၌ ရရှိသူများအနက်မှ အချို့သာ စတုတ္ထ အကြိမ်၌ ရရှိခြင်း ဖြစ်ပြီး အမှန်တကယ် လက်လုပ် လက်စားများ ရရှိရန် စီစဥ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်က ရှင်းလင်း ပြောပြသည်။
ယင်းအပြင် သီးခြား အစီအစဉ်အနေဖြင့် တန်ဆောင်တိုင်ကာလအတွက် အခြေခံ မိသားစု (၁၈၀)ဦး အတွက် ရပ်ကွက်နေ မိသားစု တစ်ဦးက လှူဒါန်းလာမည့် ဆန် (၂)ပြည်၊ ဆီ တစ်ဗူးနှင့် ကြက်ဥအစရှိသည့် အခြေခံစားသောက်ကုန်များကိုလည်း အမှန်တကယ် ရရှိထိုက်သူများ လက်ဝယ်အရောက် ရရှိရန် ဆောင်ရွက် ပေးသွားမည်ဟု မှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်မြင့်က ရပ်ကွက်နေလူထုအား ရှင်းပြခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~