တာချီလိတ်မြို့တွင် ယာဉ်အား မသင်္ကာ၍ လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ယာဉ်အား မသင်္ကာ၍ လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
နိုဝင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ယာဉ်အား မသင်္ကာ၍ လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့်လမ်းတွင် မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးအား အချိန်(၁)နာရီအကြာ လိုက်လံ၍ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်မောင်းမှာ ထွက်ပြေးသွား၍ ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း သိရသည်။

မသင်္ကာဖွယ်ယာဉ်(၁)စီးမှာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းသည့် လမ်းအတိုင်း မောင်းနှင်သွားကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က မယ်လိတ်ပါကော်ဘက်မှ ဝမ်ဆောက်ခုံကျေးရွာဘက်သို့ သွားသည့် တောလမ်းတွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့  နံနက်(၄)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က သွားရောက်ရှာဖွေရာ အဆိုပါယာဉ်သည် မယ်လိတ်ပါကော်ကျေးရွာဘက်မှ တာချီလိတ်မြို့တွင်းသို့ သွားသည့် လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့က အနောက်မှလိုက်၍ လိုက်လံဖမ်းဆီးရာ ယာဉ်သည် လွယ်စီတုံအောက်ကျေးရွာရှိ တာချီလိတ် - မိုင်းဟဲသို့သွားသည့်လမ်းသို့ ရောက်ရှိသွားပြီးနောက် အတော်ကြာတွင် တာချီလိတ်မြို့တွင်းဘက်သို့ နောက်ပြန်လှည့်လာသည့်အတွက် ပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်က အမျိုးသား တစ်ဦးသည် လမ်းဘေးရှိ ကိုင်းတောများအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိသည်။

ဆက်လက်၍ နံနက်(၅)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ကျန်ရစ်ခဲ့သည့် ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်က မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ဆာလာအိတ် (၄၀)အိတ်ဖြင့် ထည့်ထားသော ကဖင်း စုစုပေါင်းအလေးချိန် (၁,၀၀၀)ကီလိုဝန်းကျင်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

မော်တော်ယာဉ်နှင့်အတူ ကဖင်းများကို သိမ်းဆည်းခဲ့ကြပြီး ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားရှိပြီး စုံစမ်းနေလျက်ရှိကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ကဖင်း (Caffeine)များသည် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~