မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် COVID-19 အတည်ပြုလူနာ (၆၃)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် COVID-19 အတည်ပြုလူနာ (၆၃)ဦး ထပ်တိုး
နိုဝင်ဘာ 14, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၆၃)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် COVID-19 အတည်ပြုလူနာ (၆၃)ဦး ထပ်တိုးတွေ့ရှိရ၍ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၉၃၇)ဦးအထိ ရှိလာပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများ ထပ်တိုး၍ တွေ့ရှိလာနေသဖြင့် ပြည်သူများ အထူးသတိပြု ဆင်ခြင်နေထိုင်ကြရန် မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
နိုဝင်ဘာလ (၁၄)ရက် နံနက်ပိုင်းတွေ့ရှိချက်အရ အောင်လံမြို့နယ်မှ (၁၆)ဦး၊ မြို့သစ်မြို့နယ်မှ (၁၁)ဦး၊ နတ် မောက်မြို့နယ်မှ (၇)ဦး၊ ရေစကြိုမြို့နယ်မှ (၆)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၄)ဦး၊ မကွေးမြို့နယ် မှ (၃)ဦး၊ ပခုက္ကူမြို့နယ်မှ (၂)ဦး၊ မြိုင်မြို့နယ်မှ (၂)ဦး၊ မင်းဘူးမြို့နယ်မှ (၂)ဦး၊ ဆိပ်ဖြူမြို့နယ်မှ (၂)ဦး၊ ရေနံချောင်းမြို့နယ်မှ (၂)ဦး၊ ပေါက်မြို့နယ်မှ (၂)ဦး၊ ကံမမြို့နယ်မှ (၁)ဦး၊ ချောက်မြို့နယ်မှ (၁)ဦး၊ ဂန့်ဂေါမြို့နယ်မှ (၁)ဦး၊ ထီးလင်းမြို့နယ်မှ (၁)ဦးတို့ ဖြစ်ကြသည်။
“ဒီနေ့ မနက်ပိုင်းမှာကိုပဲ NHL results အရက (၆၀)ဦး၊  RDT နဲ့က (၃)ဦး ထပ်တိုးတွေ့ရှိပါတယ်။ အောင်လံ မြို့နယ် (၁၆)ဦးနဲ့ တောင်တွင်းကြီး (၁)ဦးတို့က ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွား အလာကန့်သတ်ထားသူများ ဖြစ်ပြီး ရေစကြို (၁)ဦးက အနံ့ပျောက်လက္ခဏာနဲ့ စောင့်ကြည့်လူနာ ဖြစ်ပါတယ်။ ပေါက်က (၁)ဦးက ယာဉ်မောင်းဖြစ်ပြီး ကျန်သူတွေကတော့ Quarantine Centre ထားရှိတဲ့ ရန်ကုန်၊ ရခိုင်နဲ့ ထိုင်းပြန်တွေဖြစ်ပါတယ်။ ဒေသတွင်း ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ကူးစက်မှုတွေများ လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာ နေထိုင်ကြဖို့ အထူးလိုအပ်နေပါပြီ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး အတွင်း (၂၅)မြို့နယ် အနက် (၂၂)မြို့နယ်တွင် အတည်ပြုလူနာများတွေ့ရှိလျှက်ရှိနေပြီး အောင် လံမြို့နယ်မှာ ပိုးတွေ့အတည်ပြုလူနာ အများဆုံးနှင့် ဒေသတွင်းကူးစက်မှုလည်း များပြားလျှက်ရှိနေ သဖြင့် အောင်လံမြို့ပေါ်(၉)ရပ်ကွက်အား Stay at Home အဖြစ် ဒုတိယအကြိမ်သတ်မှတ် လိုက်ရကြောင်း သိရပြီး မကွေးမြို့နယ်အတွင်းရှိ ယင်းမာတောကျေးရွာ၊ မြင်းကင်းကျေးရွာနှင့် မကွေးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် သိင်္ဂါဂီရိရပ်ကွက်ရှိ နေအိမ်(၁၂)လုံးကို အသွားအလာတားမြစ်ကန့်သတ်နေ ရာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ နိုဝင်ဘာလ(၁၃)ရက်နေ့ ည(၈)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၆၆,၇၃၄ )ဦးအထိရှိနေပြီး သေဆုံးသူမှာ (၁,၅၃၄ )ဦးအထိ ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Tachileik News Agency
သတင်း- ဖီးနစ် 
ဓာတ်ပုံ- KS Rescue Magway

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~