ကယားပြည်နယ် လွိုင်ကော်ဆေးရုံကြီးမှ Covid-19 အတည်ပြုလူနာ (၄) ဦး ပိုးကင်းစင်၍ ဆေးရုံမှဆင်း

ကယားပြည်နယ် လွိုင်ကော်ဆေးရုံကြီးမှ Covid-19 အတည်ပြုလူနာ (၄) ဦး ပိုးကင်းစင်၍ ဆေးရုံမှဆင်း
နိုဝင်ဘာ 28, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်ဆေးရုံကြီးမှ Covid-19 အတည်ပြုလူနာ (၄) ဦး ပိုးကင်းစင်၍ ဆေးရုံမှဆင်း 
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာများထဲမှ (၄) ဦးမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး နေအိမ်အသီးသီး၌ (၇) ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာ (၄) ဦးတွင် လွိုင်ကော်မြို့မှ အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် ထောက်ကြံ့မြို့နယ်တို့မှ အမျိုးသား (၂) ဦးနှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှ အမျိုးသမီး (၁) ဦးတို့ကို ရွှေလွိုင်ကော်ပရဟိတအဖွဲ့၏ ကားများဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
"တခြားတိုင်းနဲ့ပြည်နယ်ကိုပို့ရမယ့် လူနာတွေပါတယ်။ အဲဒီတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ် ကျွန်တော်တို့ကျန်းမာရေးဌာနတို့ရဲ့ ဦးဆောင်မှုအောက်မှာ ရွှေလွိုင်ကော်အဖွဲ့ကနေ လိုက်ပို့ပေးမယ်။ ခရီးစရိတ်တွေလည်း ကျွန်တော်တို့ စေတနာ့ဝန်ထမ်းတွေက အလှူခံပြီးတော့မှ လုပ်ပေးနေပါတယ်။ " ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၂၈) ရက်နေ့အထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ (၂၂) ဦးရှိပြီဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ (၁၆) ဦးနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ (၆) ဦး ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~