ဒီး​မော့ဆိုမြို့နယ်​ ​ကျေးရွာ(၁၆)ရွာမှ ​ကျောင်းသွားရာတွင်​ သွားလာ​ရေး အခက်​ခဲဖြစ်​​နေ​သော ​ကျောင်းသားများအား lesswalk မှစက်​ဘီးများလှူဒါန်း

ဒီး​မော့ဆိုမြို့နယ်​ ​ကျေးရွာ(၁၆)ရွာမှ ​ကျောင်းသွားရာတွင်​ သွားလာ​ရေး အခက်​ခဲဖြစ်​​နေ​သော ​ကျောင်းသားများအား lesswalk မှစက်​ဘီးများလှူဒါန်း
စက်တင်ဘာ 24, 2019
By Tachileik News Agency
ကယားပြည်​နယ်​၊ ဒီး​မော့ဆိုမြို့နယ်​ အတွင်းရှိ ​ကျေးရွာ(၁၆)ရွာမှ ​ကျောင်းသွားလာရာတွင်​ ​ဝေလံ၍ အခက်​ခဲဖြစ်​​နေ​သော အလယ်​တန်းနှင့်​ အထက်​တန်း​ ကျောင်းသူ ကျောင်းသားများအား Lesswalk အဖွဲ့မှ ၂၀၁၉ခုနှစ် စက်​တင်​ဘာလ (၂၂)ရက်​​နေ့တွင်​ စက်​ဘီးများ လှူဒါန်းပေးကြောင်း သိရသည်။

စက်​ဘီးလှူဒါန်းသည့်​ အစီစဉ်​အား World vision ၏ ဒီး​မော့ဆိုမြို့နယ်​တွင်းရှိ ​ဒေသဖွံ့ဖြိုး​ရေးစီမံကိန်းမှ ဦးတည်​ ​ကျေးရွာ/ရပ်​ကွက်​ (၃၁)ခုထဲမှ ​ကျောင်းသွားလာရာတွင်​ အမှန်​တကယ်​ အခက်​ခဲဖြစ်​​နေ​သော ​ကျေးရွာ(၁၃)ရွာရှိ အလယ်​တန်း နှင့်​အထက်​တန်း ​ကျောင်းသား​ကျောင်းသူ က​လေး(၅၄၀)ဦးအား စိစစ်​​ရွေးချယ်​ကာ lesswalk မှ စက်​ဘီး (၅၄၀)စီးအား လာ​ရောက်​လှူဒါန်း ​ပေးခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

"ကျွန်​​တော်​တို့အဖွဲ့က နိုင်​ငံခြားက​နေ စက်​ဘီးတွေ​တင်သွင်းပြီး​တော့ အိမ်​နဲ့​ကျောင်းနဲ့ တစ်​​နေ့ကိုနှစ်​နာရီနဲ့အထက်​ လမ်း​လျှောက်​ရတဲ့ က​လေး​တွေကို အိမ်​မှာ ကား​တွေ ဆိုင်​ကယ်​​တွေ မရှိတဲ့က​လေး​တွေကို ဦးစား​ပေးပြီး​တော့ စက်​ဘီး​တွေ လှူဒါန်း​နေပါတယ်​။ ကျွန်တော်​တို့က စက်​ဘီးအစီး​ရေ တစ်​​သောင်းတင်​သွင်းထားပါတယ်​။ အမှန်​​ပြောရရင်​ လိုအပ်​တဲ့​ ကျောင်းသား​တွေက အများကြီးရှိပါတယ်​။ တိုင်းနဲ့ပြည်​နယ်​ အကုန်​လုံးကိုမျှ​ဝေချင်​တယ်​ တစ်​​နေရာထဲ မဟုတ်​ပဲ ။ ကယားပြည်​နယ်​မှာ ကျွန်​​တော်​တို့ ​ဝေါဗီရှင်​နဲ့ပူး​ပေါင်းပြီး စာရင်း​ကောက်​ လိုက်​တဲ့ချိန်​မှာ ပထမအသုတ်​ အ​နေနဲ့  အစီး​ရေ(၅၄၀)ကို ဒီး​မော့ဆိုမြို့မှာ လာလှူတာဖြစ်​ပါတယ်​။ "ဟု lesswalk တည်​​ထောင်​သူ ကိုသန်းထွန်းဝင်း က ပြောသည်​။

Lesswalk မှ လှူဒါန်းမည့်​ စက်​ဘီးများအား ရန်​ကုန်မှ ဒီး​မော့ဆိုမြို့ထိ သယ်​ယူစရိတ်​များ အပါအ၀င် ​အခက်​ခဲဖြစ်​​နေ​သော က​လေးများ စာရင်း​ကောက်​ခံခြင်းအား world vision မြန်​မာ မှ ပူး​ပေါင်းလုပ်​​ဆောင်​​ပေးခဲ့ခြင်း ဖြစ်​​ကြောင်း သိရပြီး ကယားပြည်​နယ်​တွင်​ လွိုင်​​ကော်​မြို့နယ်​၌ စက်​ဘီး (၆၀)စီး နှင့်​ ဒီး​မော့ဆိုမြို့နယ်​တွင်​ (၅၄၀) စီးတို့အား lesswalk မှလာ​ရောက်​လှူဒါန်း ​ပေးထား​ကြောင်း သိရသည်​။

"ကျွန်​​တော်​ မိဘတစ်​​ယောက်​ အ​နေနဲ့​တော့ မျက်​ရည်​​တောင်​ကျမိတယ်​ ဝမ်းသာတာ​ပေါ့။ မ​ဝယ်​​ပေးနိုင်​ဘူး​လေ တစ်​​နေ့တစ်​​နေ့ ​လမ်း​လျှောက်​ပဲ သွား​နေရတာ က​လေးက​တော်​​တော်​ပင်​ပန်းပါတယ်​။ အခုလို စက်​ဘီး လာပြီး အလကား​ပေးတာ​ပြော​တောင်​မပြတတ်​ဘူး​ပေါ့ ​စေတနာပါမှန်း သိသာတယ်​ စက်​ဘီး​တွေက အ​ကောင်းစားအသစ်​​တွေ​လေ အရမ်းဝမ်းသာပါတယ်​။"ဟု ​ကျောင်းသားမိဘတစ်​ဦးဖြစ်​သည့်​ ​ဦးစဲရယ်​က​ပြောသည်။

အိမ်​နီးချင်းနိုင်​ငံများရှိ ပိတ်​သိမ်းသွားသည့်​ စက်​ဘီးစက်​ရုံများမှ ​ရောင်းမကုန်​သည့်​ ပိုလျှံ စက်​ဘီးသစ်​များကို လိုက်​လံဝယ်​ယူကာ မြန်​မာနိုင်​ငံအနှံ့ပြားရှိ ​​သွားလာရခက်​ခဲ​သော ​ကျောင်းများရှိ ​ကျောင်းသား ​ကျောင်းသူများ ၏အခက်​ခဲတစ်​စိတ်​တစ်​ပိုင်းအား ​ဖြေရှင်း​ပေးနိုင်​ရန်​ စက်​ဘီးများ လှူဒါန်းမည့်​ (lesswalk )လမ်း​လျော့​လျှောက်​ဆိုသည့်​ အစီအစဉ်​ အား လူငယ်​စီးပွား​ရေး လုပ်​ငန်းရှင်​ ကိုသန်းဝင်းထွန်းမှဦး​ဆောင်​၍  ၂၀၁၉ ခုနှစ်​အတွင်း မှ စတင်​ခဲ့ခြင်းဖြစ်​သည်​။

"ကျွန်​​တော်​တို့အဖွဲ့က ပညာ​ရေးကို အ​လေးထားတယ်​။ ကျွန်​​တော်​တို့ ​ယုံကြည်​တာက ပေးလိုက်​တဲ့စက်​ဘီး​တွေ​ကြောင့်​ အချိန်​​နောက်​ကျမှုနည်းသွားမယ်​ ​ကျောင်းလည်း ပိုတတ်​ဖြစ်​မယ်​ အချိန်​ပိုရလာမယ်​ စာကြိုးစားပြီးစာ​တော်​လာမယ်​ အဲ့က​နေ ဘဝ​လေး​တွေ​ပြောင်းလဲလာမယ်​ ဆိုပြီး ပညာ​ရေးကိုပဲ အ​လေးထားပြီး ဒီအစီစဉ်​ကို ကကျွန်​​တော်​တို့ကြိုးစား​နေပါတယ်​ " ဟု ကိုသန်းဝင်းထွန်း က​ပြောသည်​။

Lesswalk မှလှူဒါန်​​ပေးသည့်​ စက်​ဘီးများမှာ ​ဆောလစ်​တာယာအမျိုးအစား ဖြစ်​သော​ကြောင့်​ ​လေထိုး​ပေါက်​ မပါသလို ဘီးမ​ပေါက်​ဘဲ သုံးနှစ်​မှ ငါးနှစ်​ထိ သုံးနိုင်​မှာဖြစ်​ပြီး ပျက်​ဆီးသွားပါက ပုံမှန်​စက်​ဘီးတာယာများ ဖြင့်​လှဲလှယ်​နိုင်​ကာ ဆိုလာစနစ်​ဖြင့်​ မီးများပါ ပါရှိ​သော စက်​ဘီးအသစ်​များ ဖြစ်​​ကြောင်း သိရသည်​။

lesswalk မှ လက်​ရှိတွင်​ မြန်​မာနိုင်​ငံအတွင်း စက်​ဘီးအစီး​ရေ တစ်​​သောင်းတင်​သွင်းထားပြီး ဇွန်​လမှစ၍ ဧရာဝတီတိုင်း၊ ရန်​ကုန်​တိုင်း ၊ မန္တ​လေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မ​ကွေးတိုင်း၊ ပဲခူးတိုင်း ၊ ရှမ်းပြည်​နယ်​ ၊ ကချင်​ပြည်​နယ်​ နှင့်​ ကယားပြည်​နယ်​တို့ ရှိ သွားလာရခက်​ခဲ​သော ​ကျောင်းများရှိ ​ကျောင်းသား​ကျောင်းသူ များအား စက်​ဘီးများလှူဒါန်း​ပေးခဲ့ပြီး အစီး​ရေ( ၅၀၀၀)မှ (၆၀၀၀) ကြားရှိပြီဖြစ်​ပြီး အစီး​ရေ တစ်​သိန်းထိ လှူဒါန်း သွားနိုင်​ရန်​ ကြိုးပမ်းလျှက်​ရှိ​ကြောင်း သိရသည်​။

မြန်​မာပြည်​အနှံ့ရှိ ​သွားလာရခက်​ခဲ​သော ​​ဒေသများရှိ ​ကျောင်းများတွင်​ ပညာသင်​ကြား​နေ​သော က​လေးများထဲမှ ​နေ့စဉ်​ နှစ်​နာရီနှင့်​အထက်​ ​ခြေလျှင်​သွား​နေရ​သော က​လေးများ ၊ ​ကျောင်းသွားရ​​ဝေလံ၍ ​ကျောင်းဆက်​တတ်​ရန်​ အခက်​ခဲရှိ​သော က​လေးများ ၊ ​ကျောင်းသွားရန်​ ​ဝေလံ၍ မိဘမှ​ ထောက်​ပံ့မှုမ​ပေးနိုင်​​သော က​လေးများ နှင့်​ အမှန်​တကယ်​ အခက်​ခဲဖြစ်​​နေ​သော က​လေးများ အတွက်​ စက်ဘီး​​ထောက်​ပံ့​မှု များအား ​lesswalk .org facebook page တွင်​ message box မှလျှောက်​ထားနိုင်​ပြီး ​ဖြည့်​စွတ်​ရမည့်​ ​ဖောင်​များအား message box မှပြန်​လည်​​ပေးပို့​ပေး သွားမှာ ဖြစ်​​ကြောင်း သိရသည်​။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net