ကယားပြည်နယ်အတွင်း ကုန်းသာတွင် (၁၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်

ကယားပြည်နယ်အတွင်း ကုန်းသာတွင် (၁၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်
စက်တင်ဘာ 30, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ်၊ ကုန်းသာကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က ကုန်းသာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ကရင်နီပူးပေါင်းတပ်များကြား (၁၀) မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းတပ်က ကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကုန်းသာကျေးရွာအနီး တောင်ပေါ်တွင် တပ်စွဲကာ လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်၍ ကျေးရွာအတွင်းမှ နေအိမ်အချို့ မီးလောင်ပျက်စီးသွားရကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲအတွင်း သေဆုံးနှင့်ထိခိုက်ဒဏ်ရာရသူများကို သယ်ကာ မိုးဗြဲဘက်သို့ တပ်အင်အားအချို့ ဆုတ်ခွာသွားကြောင်းနှင့် ယမန်နေ့က တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ (၃၀) ထက်မနည်းသေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖက်မှ ပြည်သူ့တော်လှန်ရေးတပ်သား (၆) ဦးကျဆုံးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: လွိုင်ကော် PDF