မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၃၆)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၇၀၆)ဦးအထိ ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၃၆)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၇၀၆)ဦးအထိ ရှိလာ
နိုဝင်ဘာ 3, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၃၆)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၇၀၆)ဦးအထိ ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၈) ခု၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် COVID-19 အတည်ပြုလူနာ (၃၆)ဦး ထပ်တိုးတွေ့ရှိရ၍ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၇၀၆)ဦး ရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းသူ (၄၈၈)ဦး ရှိပြီဖြစ်သည်။ 
“အောင်လံမြို့နယ်က (၁၄) ဦး၊ မကွေးမြို့နယ်က (၇) ဦး၊ ပခုက္ကူမြို့နယ်က (၄) ဦး၊ မြို့သစ်မြို့နယ်က (၄) ဦး၊ တောင်တွင်းကြီးမြို့နယ်က (၃)ဦး၊ မင်းဘူးမြို့နယ်က (၂) ဦး၊ ချောက်မြို့နယ်က (၁) ဦး၊ ရေနံချောင်းမြို့နယ်က (၁) ဦးတို့ ပိုးတွေ့ရှိတာကြောင့် နိုဝင်ဘာလ(၃)ရက်နေ့အထိ မကွေးတိုင်းမှာ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၇၀၆) ဦးရှိလာပါပြီ”ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ထပ်တိုးလာသည့် ပိုးတွေ့အတည်ပြုလူနာများအနက် အောင်လံမှ (၇)ဦး၊ မြို့သစ်မှ(၄)ဦးနှင့် ပခုက္ကူမှ(၁)ဦးတို့မှာ ပိုးတွေ့ အတည်ပြုလူနာနှင့်ထိတွေ့မှုရှိသောကြောင့် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြပြီး ကျန်အတည်ပြုလူနာများမှာ ရန်ကုန်ပြန်များနှင့် ပြည်ပမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာများရှိနေသည့် (၂၂) မြို့နယ်အနက် နိုဝင်ဘာလ (၃) ရက်နေ့ အထိ အတည်ပြုလူနာတွေ့ရှိမှုတွင် အောင်လံမြို့နယ်သည် အတည်ပြုလူနာ (၁၁၅)ဦးဖြင့် ပိုးတွေ့လူနာအများဆုံး၊ မြို့သစ်မြို့နယ်သည် အတည်ပြုလူနာ (၁၀၆)ဦးဖြင့် ဒုတိယအများဆုံး၊ တောင်တွင်းကြီးမြို့နယ်သည် အတည်ပြုလူနာ (၈၅)ဦးဖြင့် တတိယအများဆုံးဖြစ်နေသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~