တာချီလိတ်မြို့နယ်အတွင်း ဟိုနားရွာတွင် နေအိမ် မီးလောင်

တာချီလိတ်မြို့နယ်အတွင်း ဟိုနားရွာတွင် နေအိမ် မီးလောင်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနားရွာတွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာရှိ ဦးအားဆူ၏ နေအိမ်သည် ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၆)နာရီကျော် အချိန်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့်  ပျဉ်ကာ အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

မီးလောင်ရသည့် အကြောင်းအရင်းမှာ ဦအားဆူသည် ရာဘာခြစ်ရန်အတွက် မသွားမီ ဘုရားစင်၌ ဖယောင်းတိုင်ဖြင့် မီးပူဇော်ခဲ့ရာမှ မီးလောင်ခြင်းဖြစ်သည်ဟု တာချီလိတ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍လည်း ဒုရဲအုပ် ဘိုဘိုအောင်က တရားလိုပြုလုပ်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၂၆/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၆ ဖြင့် နေအိမ်ပိုင်ရှင် အသက်(၄၃)နှစ်အရွယ် ဦးအားဆူကို အမှုဖွင့်ထားကြောင်းလည်း သိရသည်။