တာချီလိတ်မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၃၄)ဦး ဒုတိယအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ထွက်ခွာ

တာချီလိတ်မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၃၄)ဦး ဒုတိယအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ထွက်ခွာ
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
 တာချီလိတ်မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၃၄)ဦး ဒုတိယအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ထွက်ခွာ 
နိုင်ငံတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို စတင်ပြေးဆွဲခွင့်ပြုသည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေဆိပ်မှတစ်ဆင့် ခရီးသည် (၄၆) ဦးမှာ Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ထွက်ခွာသွားသည်။
“ထွက်ခွာသွားမယ့် ခရီးသည်တွေ၊ လာမယ့်ခရီးသည်တွေက နိုင်ငံတော်ကနေ ထုတ်ပြန်ထားတဲ့ လေကြောင်းလိုင်းနဲ့ပတ်သက်ပြီးတော့ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး အတိအကျလိုက်နာဆောင်ရွက်ပေးပါ။ ဒီဒေသကိုရောက်လို့ရှိရင်လည်း ဒီဒေသအာဏာပိုင်က ထပ်ဆင့်ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကိုလည်း လိုက်နာဆောင်ရွက်ပေးပါ။ ဒါမှ တစ်ဦးနဲ့တစ်ဦး COVID ကင်းစင်ပြီးတော့ လေကြောင်းလိုင်းလုပ်ငန်းလည်းဖွံ့ဖြိုးတိုးတက်လာပါမယ်”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်)မှ မန်နေဂျာ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မြို့မှ တာချီလိတ်မြို့သို့ လာရောက်သည့် Air KBZ လေကြောင်းလိုင်းမှ K7 - 845 လေယာဉ်ခရီးစဉ်တွင် ရန်ကုန်မှခရီးသည် တင်ဆောင်လာခြင်းမရှိဘဲ တာချီလိတ်မြို့မှ ရန်ကုန်သို့သွားရောက်မည့် တရုတ်နိုင်ငံသား (၂၉) ဦး၊ တရုတ်နိုင်ငံသူ (၅) ဦး၊ မြန်မာနိုင်ငံသား (၆) ဦး၊ မြန်မာနိုင်ငံသူ (၆) ဦး၊ စုစုပေါင်း (၄၆) ဦးဖြင့် ရန်ကုန်ခရီးစဉ်ကို ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်သို့ မတက်မီ (၃၆) နာရီအတွင်း  တာချီလိတ်ဆေးရုံဟောင်းဝင်းအတွင်းရှိ Fever Clinic ၌ COVID-19 စစ်ဆေးမှုခံယူထားရန် လိုအပ်သည်။
တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့  ပျံသန်းသည့် Air KBZ လေယာဉ်ခရီးစဉ်တွင် လိုက်ပါသွားသည့် တရုတ်နိုင်ငံသား (၃၄) ဦးတွင် ဒီဇင်ဘာလ (၁၅) ရက်နေ့က တရုတ်နိုင်ငံက စင်းလုံးငှားလေယာဉ်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့စဉ်က ကျန်နေခဲ့သူ  (၄) ဦးပါဝင်ကြောင်း သိရသည်။
ယနေ့ခရီးစဉ်တွင်လည်း လိုက်ပါရန်စာရင်းပေးသွင်းထားသည့် တရုတ်နိုင်ငံသားအချို့မှာ အချက်အလက်မပြည့်စုံသဖြင့် ကျန်ရှိနေခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~